
နေပြည်တော် အောက်တိုဘာ ၃၀
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ နေပြည်တော် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်း ထွန်းအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် အဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ သည့် တပ်ကုန်းမြို့နယ် (က) အဆင့် အားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် တပ်ကုန်းမြို့နယ် သာသနာရေးဦးစီးဌာနမှူးရုံး တည်ဆောက်ခြင်း လုပ်ငန်းများ၊ ဇေယျာသီရိမြို့နယ် သာသနာရေးဦးစီး ဌာနမှူးရုံး ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် ပျဉ်းမနား မြို့နယ် ဘောဂဝတီဘောလုံးကွင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီ အဖွဲ့ဝင်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အမြန်ဆုံး ပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)