၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  မေ  ၆


၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့်  ၂၀၂၂  ခုနှစ် များအတွက်   မြန်မာ့ရုပ်ရှင်ထူးချွန်ဆု          ချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမအနီးရှိ      လဟာပြင်ကဇာတ်ရုံ၌ ကျင်းပရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်    ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း  တက်ရောက်ချီးမြှင့်ပြီး   အမှာစကား ပြောကြားသည်။

 


အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ      ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်၏ ဇနီး ဒေါ်သန်းသန်းနွယ်၊     တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊    ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့်   ဇနီးများ၊  ပြည်ထောင်စုဝန်ကြီး များနှင့်    ဇနီးများ၊    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဇနီး၊        ညှိနှိုင်းကွပ်ကဲရေးမှူး   (ကြည်း၊ ရေ၊ လေ)   ဗိုလ်ချုပ်ကြီး  မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ        တပ်မတော်အရာရှိကြီးများနှင့်    ဇနီးများ၊  နေပြည်တော်တိုင်း  စစ်ဌာနချုပ်တိုင်းမှူး၊   ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်     အစည်းအရုံး  နာယကများ၊    ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်၊ဂီတ အစည်းအရုံး ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲ ဖြတ် အဖွဲ့ဝင်များ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်   အနုပညာရှင် များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြား ထားသည့် ဧည့်သည်တော်များ   တက် ရောက်ကြသည်။

 


အခမ်းအနား မစတင်မီ  မြန်မာ့အသံ နှင့်     ရုပ်မြင်သံကြား      တီးဝိုင်းနှင့်အတူ တေးသံရှင်များက    တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားမှူး က ရွှေကြိုမောင်မယ်များကို တစ်ဦးချင်း မိတ်ဆက်ပေးသည်။

 


  ကြိုဆိုနှုတ်ဆက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်အဖွဲ့သည် အခမ်းအနား ကျင်းပမည့် လဟာပြင်ကဇာတ်ရုံသို့ ရောက်ရှိကြရာ ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ  ဦးကြည်စိုး ထွန်းနှင့်    တာဝန်ရှိသူများက     ကြိုဆို နှုတ်ဆက်ကြသည်။

 


 ဖွင့်လှစ်ပေး


ယင်းနောက် ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့် နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့်  မြန်မာ နိုင်ငံ         ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ  အကယ်ဒမီများရှင် ဦးကြည်စိုးထွန်းတို့က အကယ်ဒမီရွှေစင်ရုပ်တုကို    ဒစ်ဂျစ်တယ် စက်ခလုတ် ခုံပေါ်တွင် စိုက်ထူ၍ ဖွင့်လှစ် ပေးကြပြီး Digital Mapping  စနစ်ဖြင့် ပုံဖော်ပြသသည်။

 


ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတို့က      ဂုဏ်ပြုစီစဉ် တင်ဆက်သည့်      “ရာပြည့်မှသည်     ရှေ့သို့ချီ” မှတ်တမ်းဗီဒီယိုကို ပြသသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယခုလို မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသည့် အချိန်အခါသမယတွင် ကိုဗစ်-  ၁၉ ရောဂါ ကြောင့် မကျင်းပနိုင်ခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကြီးကို နေပြည်တော် တွင်   ယခုလိုခမ်းခမ်းနားနား   ကျင်းပ ပြုလုပ် ပြီး ထူးချွန်အနုပညာရှင်ကြီးများကို တွေ့ဆုံဂုဏ်ပြုခွင့်ရသည့်အတွက်   မိမိ အနေဖြင့်  များစွာဂုဏ်ယူဝမ်းမြောက် မိပါကြောင်း။

 


မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ကတည်းက         စတင်ပေါ်ပေါက်လာခဲ့ သည့်    မြန်မာ့ရုပ်ရှင်သမိုင်းသည်  ၂၀၂၀ ပြည့်နှစ်တွင် နှစ်ပေါင်းတစ်ရာပြည့်ခဲ့ပြီး ယခုဆိုလျှင် (၁၀၃)နှစ်   တိုင်ခဲ့ပြီဖြစ်ပါ ကြောင်း။

 


ရုပ်ရှင်ဆိုသည်မှာ ခံစားမှုနှင့် နည်း ပညာပေါင်းစပ်ထားသော    ဆန်းကြယ် သည့်     ဖန်တီးမှု     အနုပညာရပ်အဖြစ် အားလုံးက    နားလည်လက်ခံထားကြပါ ကြောင်း၊   တစ်နည်းအားဖြင့်    ရုပ်ရှင် အတတ်ပညာသည် လူမှုဘဝကို  အသိပေး နှိုးဆော်နိုင်သည့် အတတ်ပညာ၊ လူများ၏ စိတ်နှလုံးကို ညွန်ပျောင်းနှိုးဆွပြီး အသိ ပညာနှင့်    ရသခံစားမှုကိုပေးနိုင်သည့် အတတ်ပညာဟု  တင်စားပြောဆိုခဲ့ကြပါ ကြောင်း။

 


ဂုဏ်ပြုမှတ်တမ်းတင်


ထို့ပြင် ရုပ်ရှင်အနုပညာသည် စာပေ၊ ဂီတ၊ သဘင်၊  ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံနှင့် ရုပ်ရှင်ဆိုသည့်     သုခုမပညာ(၇)ရပ်ကို စုပေါင်းထားသော     အနုပညာရပ်ဖြစ် သည်ကို အားလုံးသိရှိကြပါကြောင်း၊ မိမိ တို့၏ မြန်မာ့ရုပ်ရှင်သည် နှစ်(၁၀၀)ကျော် နိုင်ငံ့အကျိုးပြု    သမိုင်းမှတ်တမ်းများဖြင့် လှုပ်ရှားသက်ဝင်     မော်ကွန်းတင်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက်      မိမိတို့အားလုံးက အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်ကြရမည်ဖြစ်ကြောင်း။ 

 


မြန်မာ့ရုပ်ရှင်သည်   ကိုလိုနီခေတ်က စပြီး ငွေရတု၊ ရွှေရတု၊ စိန်ရတုနှင့် ရာပြည့် ခေတ်ထိတိုင်အောင် ခေတ်စနစ်အမျိုးမျိုး ကြားတွင် ပျော်ရွှင်လွမ်းမောဖွယ်ရာ လူမှု ဘဝများကိုသာမက နိုင်ငံတော်၏အရေးပါ သည့်  အခန်းကဏ္ဍများ၊  နိုင်ငံ၏ပကတိ အခြေအနေများကို အနုပညာဖြင့် ထင်ဟပ် ဖော်ပြ    တင်ဆက်နိုင်ခဲ့သည့်အတွက် နိုင်ငံနှင့်ပြည်သူအပေါ်   တာဝန်ကျေခဲ့ကြ သည်ဟုလည်း    ပြောကြားရမည်ဖြစ်ပါ ကြောင်း။

 


နိုင်ငံတစ်နိုင်ငံ  ဖွံ့ဖြိုးတိုးတက်စေမည့် အကြောင်းတရားများထဲတွင်       ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်လက္ခဏာများကို ထိန်းသိမ်းနိုင်မှုရှိခြင်းသည်လည်း အပါ အဝင်   ဖြစ်ပါကြောင်း၊   ယဉ်ကျေးမှုဟု ဆိုလိုက်သည့်အခါ   လူသားများကိုယ်တိုင်  ဖန်တီးရယူထားသည့် အနုပညာအစိတ် အပိုင်းတစ်ခုဖြစ်သည့် ရုပ်ရှင်အနုပညာ ရပ်လည်း  ပါဝင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံအတွက်  ရုပ်ရှင်အနုပညာဖွံ့ဖြိုး တိုးတက်မှုသည်  အင်အားတစ်ရပ်ဟုဆိုပါ က    ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြသည့် ရုပ်ရှင်ထုတ်လုပ် သူများ၊ အတတ်ပညာရှင်များ၊ သရုပ်ဆောင် များ အားလုံး၏ အခန်းကဏ္ဍသည် မည်မျှ အရေးကြီးသည်ကို     တွေးဆဆင်ခြင်နိုင် ကြမည်ဖြစ်ပါကြောင်း။

 


ထို့ကြောင့်လည်း   မိမိတို့  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက    ချမှတ်ထား သည့်   နိုင်ငံတော်အစိုးရ၏   လူမှုရေး ဦးတည်ချက်(၄)ရပ်ထဲတွင်    “တိုင်းရင်း သား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ် အလာများကို       လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသား ရေးစရိုက်လက္ခဏာများ   မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆို သည့်အချက်ကို   ထည့်သွင်းဆောင်ရွက် ထားခြင်းဖြစ်ပါကြောင်း၊      နိုင်ငံတော် အစိုးရအနေဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး ၏ ယဉ်ကျေးမှုများ၊ အမျိုးသားရေးစရိုက် လက္ခဏာများ    မပျောက်ပျက်အောင် မည်မျှ   အလေးအနက်ထားဆောင်ရွက် နေသည်ကို    အားလုံးတွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊   အဆိုပါ   ဦးတည်ချက် အောင်မြင်ရန်အတွက်   ရုပ်ရှင်အနုပညာ သမားများ၏     ပူးပေါင်းပါဝင်မှုသည် အလွန်အရေးပါသည်ဟု           ပြောကြား လိုပါကြောင်း။

 


အနုပညာတစ်ရပ်က ပေးလိုက်သည့်  အကြောင်းတရားများသည်    နိုင်ငံတစ် နိုင်ငံ၏   ယဉ်ကျေးမှုတန်ဖိုးကို   ပြသရာ ရောက်သည့်အတွက် ရုပ်ရှင်အနုပညာက ပေးစွမ်းနိုင်မှုများသည် အင်မတန်အရေးပါ အရာရောက်သည်ဟု       မိမိအနေဖြင့် တွေးမြင်ခံစားမိပါကြောင်း၊ တစ်နည်းအား ဖြင့် ရုပ်ရှင်အနုပညာသည်  နိုင်ငံငြိမ်းချမ်း ရေး၊ စည်းလုံးညီညွတ်ရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်       ဩဇာ သက်ရောက်မှုရှိသည့် Soft  Power တစ်ခု ဖြစ်သောကြောင့်  အနုပညာရှင်များအနေ ဖြင့်  မိမိနိုင်ငံ၊   မိမိလူမျိုးဖွံ့ဖြိုးတိုးတက် စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် များ၊ ရှင်သန်ကိန်းအောင်းစေရေးအတွက် ကျရာကဏ္ဍမှ   ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ပေးကြပါရန်   တိုက်တွန်းပြောကြား လိုပါကြောင်း။

 


ယနေ့         နိုင်ငံတော်အစိုးရသည် “တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေ ရိက္ခာ ဖူလုံရေး” ဆိုသည့်  အမျိုးသားရေး ရည်မှန်းချက်  (၂)ရပ်ကို   အမျိုးသားရေး ရည်မှန်းချက်အဖြစ်    ချမှတ်အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊   အဆိုပါ ရည်မှန်းချက်များသည်  ယနေ့နိုင်ငံတော် နှင့် ပြည်သူများ၏ ပကတိအခြေအနေအရ အလိုအပ်ဆုံးနှင့်အဖြစ်သင့်၊ အဖြစ်ထိုက် ဆုံး ရည်မှန်းချက်များပင် ဖြစ်ပါကြောင်း။

 


ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်


နိုင်ငံတော်အစိုးရက           ရည်မှန်း အကောင်အထည်ဖော်နေသည့် အမျိုးသား ရေး  ရည်မှန်းချက်(၂)ရပ်နှင့်   နိုင်ငံရေး ရည်မှန်းချက် (၂) ရပ်သည်   ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝများအတွက်  အလိုအပ် ဆုံး၊  လက်တွေ့အကျဆုံးသော   အရာများ ဖြစ်ပါကြောင်း၊  ပြည်သူထဲက ပြည်သူများ ဖြစ်ကြသည့် မြန်မာ့ရုပ်ရှင်အနုပညာရှင် များအနေဖြင့် မိမိတို့၏ နေ့စဉ်လူမှုစီးပွား ဘဝများ     အနုပညာလုပ်ငန်းများကို ရုန်းကန်လျှောက်လှမ်း  ချီတက်နေကြသူ များပီပီ အနာဂတ်နိုင်ငံတော်နှင့် ပြည်သူ အများစု၏   အကျိုးကိုရှေးရှုပြီး  အတွေး အခေါ်မှန်မှန်၊       အသိအမြင်မှန်မှန်၊ စိတ်ကောင်းစေတနာများဖြင့်   အမျိုးသား ရေးရည်မှန်းချက်   (၂)   ရပ်နှင့်   နိုင်ငံရေး ရည်မှန်းချက် (၂) ရပ်    အောင်မြင်စေရေး ဝိုင်းဝန်းပူးပေါင်း      ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

 


အနုပညာဆိုသည်မှာ     ထာဝရနုပျို လျက်ရှိပါကြောင်း၊ အထူးသဖြင့် ရုပ်ရှင် အနုပညာဆိုသည်မှာ   စုပေါင်းညီညွတ်မှု အားဖြင့် ဖန်တီးမှသာ ရသပေါင်းစုံပေါ် ထွက်လာသည့်     ပညာရပ်လည်းဖြစ်ပါ ကြောင်း၊  စာပေ၊  ဂီတ၊ သဘင်၊  ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ စသည့်အနုပညာများထက် ရုပ်ရှင်အနုပညာသည် ထုတ်လုပ်သူ၊ ဝတ္ထု၊ ဇာတ်ညွှန်း၊  ဒါရိုက်တာ၊  သရုပ်ဆောင်၊ ဇာတ်ပို့၊ ဇာတ်ရန်၊ ဓာတ်ပုံ၊ အသံ ၊ ဂီတ၊ တည်းဖြတ်အပါအဝင် ကင်မရာသမား၊ မီးထိုးသမား၊ ရှုတင်မန်နေဂျာနှင့် သယ်ယူ ပို့ဆောင်ရေးအဆုံး  စုပေါင်းညီညွတ်စွာ ရုပ်ရှင်အနုပညာကို ဖန်တီးမှသာ ရလဒ် အနေဖြင့် တဒင်္ဂကြည့်ရှုကြရသည့် ရုပ်ရှင် ချစ်ပရိသတ်များ၏ ရင်ထဲသို့ ပျော်ရွှင်မှု၊ ဝမ်းသာမှု၊    ဝမ်းနည်းမှု၊     ကြောက်ရွံ့ ထိတ်လန့်မှု၊ ဒေါသ၊  လောဘ၊ မောဟ၊ စိုးရိမ်ပူပန်မှုစသည့်  ရသစုံပေးစွမ်းခံစား စေနိုင်ခြင်း ဖြစ်ပါကြောင်း။

 


ထိုသို့ ဖန်တီးပေးနိုင်စွမ်းရှိရန်အတွက် လည်း ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာ ရှင်များက   ခေတ်နှင့်အညီ    ပြောင်းလဲ           တိုးတက်နေသည့်   အနုပညာရပ်ဆိုင်ရာ လုပ်ငန်းများကို  စဉ်ဆက်မပြတ်လေ့လာ ပြီး အနာဂတ်တွင်  နိုင်ငံတကာအဆင့်မီ ရုပ်ရှင်အနုပညာရပ်များကို ဖန်တီးနိုင်ကြ ရန်လည်း တိုက်တွန်းလိုပါကြောင်း၊ ထိုသို့ ဖန်တီးရင်း တစ်ဖက်ကလည်း  မိမိတို့၏ အမျိုးသားယဉ်ကျေးမှု   စရိုက်လက္ခဏာ များကိုလည်း ထိန်းသိမ်းကာကွယ်စောင့် ရှောက်သွားကြရမည်      ဖြစ်ပါကြောင်း၊ ထိုသို့  ဖန်တီးရင်း   ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရင်း      ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ    ဘဝနှင့်  နေ့စဉ် လူမှုစီးပွားဘဝ    ရုန်းကန်ရာတွင်လည်း မိမိတို့ကို ချစ်ခင်လေးစား တန်ဖိုးထားကြ သည့်   ရုပ်ရှင်ချစ်   ပရိသတ်အများစုတို့ အပေါ် တုံ့ပြန်တန်ဖိုးထားလေးစားလျက်  ရုပ်ရှင်အနုပညာရပ်တစ်ခုတည်းအပေါ်တွင်သာ  အာရုံစူးစိုက်ပြီး   ဘဝနှင့် ရင်း၍ မြှုပ်နှံဆောင်ရွက်ခဲ့ရသည့်   မိမိချစ်ခင် နှစ်သက်     မြတ်နိုးတန်းဖိုးထားသည့် ရုပ်ရှင်အနုပညာလုပ်ငန်းများကို အနှောင် အဖွဲ့ကင်းကင်းဖြင့်      ထာဝရရှင်သန် ဆောင်ရွက်နိုင်ကြပါစေဟုလည်း ဆန္ဒပြု အပ်ပါကြောင်း။

 


၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်အတွက်    ရုပ်ရှင်ထူးချွန်ဆုများကို မကြာခင် ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် ဇာတ် ကား  ၉၇ ကား၊ ၂၀၂၀ ပြည့်နှစ်တွင် ရုံတင် ပြသခဲ့သည့်  ဇာတ်ကား ၂၁ ကားနှင့် ၂၀၂၂ ခုနှစ်တွင်   ရုံတင်ပြသခဲ့သည့်    ဇာတ်ကား (၂၀) ထဲက   ချီးမြှင့်သင့် ချီးမြှင့်ထိုက်သည့် ထူးချွန်ဆုများကို   ချီးမြှင့်ပေးမည်ဖြစ်ပါ ကြောင်း။

 


ပြန်လည်ရောက်ရှိလာ


ယခုလို      မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကြီး  အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည်    မြန်မာ့ရုပ်ရှင် လောကသားများ၏ စုစည်းမှုနှင့် စည်းလုံး ညီညွတ်မှုစွမ်းအားကို ပြသနိုင်ခြင်းဖြစ် သကဲ့သို့       ကိုဗစ်ကပ်ရောဂါကြောင့် ရပ်ဆိုင်းခဲ့ရသည့် မြန်မာ့ရုပ်ရှင်လောက စင်မြင့်ကြီးပေါ် ပြန်လည်ရောက်ရှိလာပြီ ဟု ဆိုရမည်ပင်ဖြစ်ပါကြောင်း။

 


တစ်နည်းပြောရပါက ရုပ်ရှင်လောက ကြီး ပြန်လည်သက်ဝင်လှုပ်ရှားရန် အချိန် အခါကျရောက်လာပြီဟုလည်း  ဆိုရမည် ဖြစ်ပါကြောင်း၊       ယခုကျင်းပသည့် ထူးချွန်ဆုပေးပွဲသည်      ရုပ်ရှင်လောက တစ်ခုတည်းအတွက်သာမက   ရုပ်ရှင်၊ သဘင်၊  ဂီတနှင့်  အနုပညာလောကသား များ အားလုံးအတွက်ပါ ပြန်လည်သက်ဝင် လှုပ်ရှားလာသည့်ပွဲလည်း  ဖြစ်ပါကြောင်း၊ အနုပညာရှင်  လောကသားများအားလုံး နှင့် ဆက်နွှယ်နေသည့် ပွဲဟုဆိုလျှင်လည်း မမှားပါကြောင်း၊  ရုပ်ရှင်၊  ဂီတ၊  သဘင်၊ စာပေအဖွဲ့အစည်းအားလုံးသည်    ယခု ပွဲကြီးပြီးသွားပါက  အနုပညာနယ်ပယ် အသီးသီးတွင်  ယခင်ကလို အရှိန်အဟုန် ဖြင့်   စည်းစည်းလုံးလုံး   ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင်    ဆက်လက်လှုပ်ရှား ဆောင်ရွက်       သွားနိုင်ကြမည်ဟုလည်း ယုံကြည်ခံစားမိပါကြောင်း။

 


မြန်မာ့ရုပ်ရှင်သည် ရုပ်ရှင်ခေတ်ဦးမှ ၂၀၂၂ ခုနှစ်အထိ  ရုပ်ရှင်ဇာတ်ကားပေါင်း (၄၀၀၀)ကျော်   ထုတ်လုပ်နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊   ၁၉၅၂  ခုနှစ်မှ  ၂၀၁၈  ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့် ပွဲအခမ်းအနားကို   စုစုပေါင်း  (၆၃)ကြိမ် ကျင်းပချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊  ယနေ့ ကျင်းပသည့်ပွဲသည်  (၆၄)  ကြိမ်မြောက် ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် (၃)နှစ်စာ တစ်ပေါင်း တည်းကျင်းပသည့်ပွဲလည်း      ဖြစ်ပါ ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကကျင်းပ ခဲ့သော (၆၃) ကြိမ်အထိ ရုပ်ရှင်အနုပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ ထူးချွန်ဆုပေါင်း (၄၂၃)ဆုကို   ချီးမြှင့်နိုင်ခဲ့ပြီးဖြစ်သကဲ့သို့ ၂၀၂၂ ခုနှစ်တွင်လည်း ရုပ်ရှင်လောကနှင့် ပတ်သက်၍  တစ်သက်တာလုံးမြှုပ်နှံပြီး နှစ်ပေါင်းများစွာ  အနုပညာဖြင့်   ပြည်သူ ကို အလုပ်အကျွေးပြုခဲ့သူများကို ရုပ်ရှင် တစ်သက်တာ    ထူးချွန်ဆုအဖြစ်သရုပ် ဆောင် အနုပညာရှင်ကြီး(၂)ဦးကို ချီးမြှင့် နိုင်ခဲ့သည့်အတွက် ယနေ့အထိ ရုပ်ရှင် တစ်သက်တာ ထူးချွန်ဆု  ငါးဦးအပါအဝင် ထူးချွန်ဆုပေါင်း ၄၂၅ ဆုကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါကြောင်း။

 


မိမိတို့၏ မြန်မာ့ရုပ်ရှင်ဖြတ်သန်းခဲ့ သည့်  ခေတ်ကာလ  သမိုင်းပုံရိပ်များကို ကြည့်မည်ဆိုပါက (၁၉၂၀-၁၉၄၅)ငွေရတု ကာလ၊ (၁၉၄၆-၁၉၇၀) ရွှေရတုကာလ၊ (၁၉၇၁-၁၉၉၅) စိန်ရတုကာလ၊ မြန်မာ့ ရုပ်ရှင်ရာပြည့်ကာလနှင့်  ယနေ့ရာပြည့် အလွန် ကာလများကို တွေ့ကြရမည်ဖြစ်ပါ ကြောင်း၊ မြန်မာ့ရုပ်ရှင်၏ ငွေရတုကာလ (၁၉၂၀-၁၉၄၅)   သည်   မြန်မာ့ရုပ်ရှင် သမိုင်း၏  ခေတ်ဦးကာလဖြစ်သကဲ့သို့ တိုင်းတစ်ပါး လက်အောက်ခံ ကိုလိုနီနိုင်ငံ ဘဝတွင်သာ   ရှိခဲ့သည့်အတွက်  မြန်မာ တစ်မျိုးသားလုံးက အမျိုးသားရေးစိတ်၊ သူ့ကျွန်မခံလိုသည့်စိတ်၊ ဖိနှိပ်ချုပ်ချယ်မှု ကို အန်တုလိုသည့်မာန်၊ တုံ့ပြန်တွန်းလှန် လိုသည့်သတ္တိ  စသည်တို့ကို    မိမိတို့ လက်ဝယ်တွင်ရှိသော စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် စသည့် အနုပညာစွမ်းပကားများ နှင့်  အဘက်ဘက်က  စည်းရုံးလှုံ့ဆော် တိုက်ပွဲဝင်နေသည့် အချိန်ကာလပင်ဖြစ်ပါ ကြောင်း။

 


မှတ်တမ်းတင်နိုင်


ထိုသို့ နယ်ချဲ့တော်လှန်ရေး၊ လွတ်လပ် ပြီး အချုပ်အခြာအာဏာကို ပိုင်စိုးသည့် နိုင်ငံဘဝကို   ပြန်လည်ရရှိရေး၊  တစ်မျိုး သားလုံး     လွတ်မြောက်ရေးအတွက်နှင့် တက်ကြွရဲဝံ့စွာ စွန့်လွှတ်စွန့်စားလိုသည့် ပြည်သူများ၏စွမ်းပကားကို တွန်းအား ပေးခဲ့သည့် မြန်မာ့ရုပ်ရှင်ငွေရတုကာလ သည် မြန်မာ့ရုပ်ရှင်သမိုင်းတစ်လျှောက် တွင် ထူးချွန်ပြောင်မြောက်သည့်     အချိန် များပင်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် သမိုင်း တွင် မှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း။

 


တစ်တပ်တစ်အားပါဝင်


အလားတူပင် မြန်မာ့ရုပ်ရှင် ရွှေရတု ကာလ၊ စိန်ရတုကာလနှင့်  ရာပြည့်နှစ် ကာလများထိတိုင်  ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် ရုပ်ရှင်လောက သားများသည်   မိမိတို့၏  အနုပညာ စွမ်းပကားဖြင့်  နိုင်ငံနှင့်  ပြည်သူ့အကျိုး ပြုခဲ့ကြသကဲ့သို့  အနုပညာရသအစုံဖြင့် ပြည်သူများ၏ စိတ်နှလုံးကို ရွှင်ပြုံးအပန်း ပြေစေခဲ့ပါကြောင်း၊    ပြည်သူများကို ဖျော်ဖြေရေးသာမက နိုင်ငံ၏ယဉ်ကျေးမှု၊ ချစ်စဖွယ်မြန်မာ့ဓလေ့နှင့်   မြန်မာ့အလှ သဘာဝများကို ရိုက်ကူးတင်ပြပေးခဲ့ကြ သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု ပြီး    ပြည်သူလူထုကို   စည်းရုံးခြင်းနှင့် အသိပညာပေးခြင်း    လုပ်ငန်းများတွင် လည်း  ခေတ်အဆက်ဆက်ကနေ   ယနေ့ ထိတိုင်  တစ်တပ်တစ်အား  ပါဝင်ဆောင် ရွက်ခဲ့ကြပါကြောင်း။

 


ထိုသို့ ရုပ်ရှင်အနုပညာရှင်များသည် အမျိုးသားရေးနှင့်ယှဉ်ပြီး တိုင်းချစ်ပြည် ချစ်စိတ်  ထွန်းကားရေး၊  ပြည်သူများ၏ အသိအမြင်ပညာတိုးတက်ရေးနှင့် မြန်မာ့ ယဉ်ကျေးမှု   ရိုးရာဓလေ့အစဉ်အလာ များကို   ထိန်းသိမ်းစောင့်ရှောက်ရေးတို့ အတွက်    ဦးတည်ရိုက်ကူးခဲ့ကြသကဲ့သို့ ခေတ်ကာလအလိုက်     နိုင်ငံတော်၏ ဦးတည်ချက်များကို     ပေါ်လွင်ပြောင် မြောက်အောင်    ရှုထောင့်အမျိုးမျိုးက ကြည့်မြင်ပြီး    ပြည်သူကို    အများဆုံး အကျိုးပြုနိုင်မည့် အသိပညာပေးနိုင်သည့် ဇာတ်လမ်း၊ ဇာတ်ကွက်၊ အမူအရာ ဖန်တီး ချက်များဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ ကြသူများလည်း ဖြစ်ပါကြောင်း။

 


၂၀၂၀   ပြည့်နှစ်တွင်   ကမ္ဘာတစ်ဝန်း ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ  ရုပ်ရှင်ရုံများ ပြသမှု ရပ်ဆိုင်းထားခဲ့ရပါကြောင်း၊ ယနေ့ အချိန်တွင်     ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ     ရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်ထုတ်လုပ်သူများက      ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ရက် မြန်မာနှစ်ဆန်း    တစ်ရက်နေ့ကစပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့်အညီ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသခဲ့သည်ကို တွေ့မြင် ရမည်ဖြစ်ပါကြောင်း၊ ယခင်ကလို ပုံမှန် အခြေအနေကို မရောက်သေးသော်လည်း ပြသမှု၊    ပရိသတ်ကြည့်ရှုမှုများသည် တိုးတက်နေသည်ကို သိရ၍ ဝမ်းသာမိပါ ကြောင်း။

 


ခံစားမှုရသများကို ဝေမျှပေးနိုင်

 
ယနေ့ကျင်းပသည့်   ၂၀၁၉  ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်း အနားတွင် ရုပ်ရှင်အနုပညာလောကကို ဦးဆောင်နေကြသည့် အနုပညာရှင်ကြီး များနှင့်အတူ အနုပညာမောင်နှမများနှင့် ရုပ်ရှင်ချစ်ပရိသတ်များအားလုံး ပျော်ပျော် ရွှင်ရွှင်ဖြင့်  မြင်တွေ့ကြရသည့်အတွက် နိုင်ငံတော်၊ ပြည်သူနှင့်အနုပညာရှင်တို့၏ စုစည်းအားနှင့် အေးချမ်းပျော်ရွှင်သည့် ခံစားမှုရသများကို ဝေမျှပေးနိုင်သည့်ပွဲဟု ခံစားမိပါကြောင်း။

 


မြန်မာ့ရုပ်ရှင်ထူးချွန်ဆု  ချီးမြှင့်နိုင် ရေးအတွက်  မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက  မြန်မာ့ရုပ်ရှင်ထူးချွန်ဆု  အကဲ ဖြတ် စံချိန်စံညွှန်းများနှင့်အညီ စိစစ်ရွေး ချယ်ပြီး ယနေ့ညတွင် ဆုချီးမြှင့်ပေးသွား မည်ဖြစ်သည့်အတွက် ဇာတ်ကားအသီး သီးတွင်၊ ကျရာအနုပညာကဏ္ဍ အသီးသီး တွင်     ပါဝင်စွမ်းဆောင်ထားကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် ရုပ်ရှင်ချစ်သူပရိသတ်များအားလုံး ရင်ခုန် နေကြမည်ဟု ထင်မိပါကြောင်း။

 


ယခုနှစ်ကျင်းပသည့် အခမ်းအနား တွင်   ထူးခြားမှုတစ်ခုအနေဖြင့်    ရုပ်ရှင် ထူးချွန်ဆုများသာမက      နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားများ တွင်  ချီးမြှင့်လေ့ရှိသည့်   အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုကိုလည်း ချီးမြှင့်ပေး သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ချီးမြှင့် ရခြင်းသည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို တက်ရောက်လာသည့် အနုပညာရှင်များကို ဂုဏ်ပြုချီးမြှင့်သည့် အနေဖြင့်  ထည့်သွင်းစီစဉ်ဆောင်ရွက်ရ ခြင်းဖြစ်ပါကြောင်း၊   ထိုသို့သော   တစ်မူ ထူးခြားမှုများဖြင့် တင်ဆက်သွားမည်ဖြစ် သည့်အတွက် အနုပညာရှင်များနှင့်ရုပ်ရှင် ကို   ချစ်မြတ်နိုးကြသည့်   ရုပ်ရှင်ချစ် ပရိသတ်များ၏    ဆန္ဒနှင့်ထပ်တူညီလိမ့် မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း။

 


ယခုနှစ်တွင်     ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့်    အနုပညာ လုပ်ငန်းများ    ဆက်လက်အောင်မြင် တိုးတက်စေရန်အတွက်     အားအင်များ ပိုမိုရရှိပြီး မိမိအနုပညာအလုပ်များကို ပိုမို အားထုတ် ကြိုးပမ်းသွားကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံနှင့်လူမျိုးကိုချစ်သည့်စိတ်၊   တရား ဥပဒေကို   လေးစားလိုက်နာသည့်   နိုင်ငံ သားကောင်းစိတ်၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုး သာယာတိုးတက်စေလိုသည့်စိတ်ကောင်း စေတနာများဖြင့် “ရုပ်ရှင်သည် ပြည်သူ့ အတွက်”ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဆက်လက် ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြား လိုပါကြောင်း။

 


အလားတူ    ထူးချွန်ဆုမရရှိသေး သည့်   အနုပညာရှင်များအနေဖြင့်လည်း လာမည့်နှစ်ကာလများတွင်    မိမိတို့၏ အနုပညာစွမ်းပကားကို   ဆက်လက်မြှင့် တင် ကြိုးပမ်းရင်း ထူးချွန်ဆုများ ဆွတ်ခူး နိုင်ကြပါစေဟု     အားပေးတိုက်တွန်း ပြောကြားလိုပါကြောင်း။

 


နိဂုံးချုပ်အားဖြင့်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်   ရုပ်ရှင် အနုပညာအပါအဝင်၊ စာပေ၊ သဘင်၊ ဂီတ၊ ပန်းချီ၊  ပန်းပု   စသည့်မီဒီယာကဏ္ဍကို လေးစားတန်ဖိုးထားပါကြောင်း၊   အနာ ဂတ်  မိမိတို့၏  သုခုမအနုပညာများနှင့် နိုင်ငံနှင့်  လူမျိုးအကျိုးကို  သယ်ပိုးရွက် ဆောင်ပေးနိုင်သည့် အင်အားစုကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း တွင် အနုပညာသမားများ၊ မီဒီယာသမား များ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့သည်ကို     အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီးလည်း   ပံ့ပိုးအားပေးသွားမည်ဖြစ်ပါကြောင်း၊ ရုပ်ရှင်အနုပညာရှင် များအပါအဝင် မီဒီယာဆိုသည့် စတုတ္ထ မဏ္ဍိုင်သည်   ဖြတ်သန်းခဲ့သည့် သမိုင်း အစဉ်အလာကောင်းများအတိုင်း နိုင်ငံနှင့် လူမျိုး၊ ပြည်သူလူထုကို အကျိုးပြုပေးနိုင် ကြရန်လည်း    တိုက်တွန်းမှာကြားလိုပါ ကြောင်း၊ ယခုလို နိုင်ငံတော် အစိုးရအနေ ဖြင့်    ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ   အခမ်း အနားကြီးကို    ခမ်းခမ်းနားနား   ကျင်းပ ဂုဏ်ပြုနိုင်ရန်      ဆောင်ရွက်ခဲ့ရာတွင် အခမ်းအနားကြီး    အောင်မြင်စေရန် နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့်    မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့်    သက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံးကို ဂုဏ်ပြုပါကြောင်း နှင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 


ယင်းနောက်   မြန်မာနိုင်ငံ   ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ   အကယ်ဒမီများရှင် ဦးကြည်စိုးထွန်းက    ဝမ်းမြောက်စကား ပြောကြားသည်။

 


ထို့နောက် သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန   အနုပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ       ရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းစီစဉ်တင်ဆက်သည့် အကယ်ဒမီ ပဏာမ တီးလုံးပြကွက်ဖြင့် ဖျော်ဖြေကြ သည်။
ယင်းနောက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိသူများကို အနုပညာရှင်ကြီးများက တစ်ဦးချင်းဖွင့်ဖောက်ကြေညာပြီး ဆုများ ပေးအပ်ချီးမြှင့်ရာ ရုပ်ရှင်အတတ်ပညာဆု များဖြစ်သည့်     အကောင်းဆုံးရုပ်ရှင် ဓာတ်ပုံဆု  (၂၀၁၉) ကို     “ဒဏ္ဍာရီမိုး” ဇာတ်ကားဖြင့် အာကာတိုး၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု (၂၀၂၀) ကို “ပိတောက် ကတဲ့ဂီတ”   ဇာတ်ကားဖြင့်   ဖြိုးကျော် တို့က ရရှိကြသည်။

 


အကောင်းဆုံး  ရုပ်ရှင်တေးဂီတဆု (၂၀၁၉) ကို   “နို့ဘီလူး”  ဇာတ်ကားဖြင့် ကျော်ကျော်ထွန်း၊ အကောင်းဆုံးရုပ်ရှင် တေးဂီတဆု (၂၀၂၀) ကို  “ဂန္ဓဗ္ဗ ” ဇာတ် ကားဖြင့် အောင်ကိုလတ် တို့က ရရှိကြ သည်။
အကောင်းဆုံးရုပ်ရှင်အသံဆု (၂၀၁၉) ကို “၁၀၁၄” ဇာတ်ကားဖြင့် ကြည်မင်း သိန်းက ရရှိသည်။
အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု (၂၀၁၉)ကို “၁၀၁၄”ဇာတ်ကားဖြင့် ဂျီသ ရီး၊ ကျော်ခိုင်စိုးနှင့် အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆု(၂၀၂၂)ကို “လိပ်ပြာထောင် ချောက်” ဇာတ်ကားဖြင့် ကြည်သာတို့က ရရှိကြသည်။
အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု (၂၀၁၉) ကို  “နိုင်ငံကြီးသား” ဇာတ်ကား ဖြင့် မောင်မြတ်ဆွေ က ရရှိသည်။
ဆုရရှိကြသူများကို ဝါရင့်အကယ်ဒမီ ဆုများရှင်    အနုပညာရှင်ကြီးများက အကယ်ဒမီရွှေစင်ရုပ်တုများ      ပေးအပ် ချီးမြှင့်ပြီး     ထူးချွန်ဆုရရှိကြသူများက ကျေးဇူးတင်စကား ပြောကြားကြသည်။

 


အကောင်းဆုံးဝတ်စားဆင်ယင်မှုဆု


ယင်းနောက်      အထူးအစီအစဉ် တစ်ခုအဖြစ်    ယခုနှစ်အခမ်းအနားသို့  တက်ရောက်လာကြသည့် အနုပညာရှင် များထဲမှ         ရွေးချယ်ပေးအပ်သည့် အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုများ ( Myanmar Academy FashionAwards)  ကို   ပေးအပ်ချီးမြှင့်ရာ    အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်း ဆုကို ရန်အောင်၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှု      အကြီးတန်းဆုကို စိုးမြတ်သူဇာ၊  အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှုဆုကို  အောင်ရဲလင်း၊ အကောင်းဆုံး       အမျိုးသမီးဝတ်စား ဆင်ယင်မှုဆုကို မိုးဟေကိုတို့က ရရှိကြ ပြီး အကယ်ဒမီဆုများရှင် ဆွေဇင်ထိုက်က ဆုများကို ပေးအပ်ချီးမြှင့်သည်။

 


ဆက်လက်၍ မြန်မာ့ရုပ်ရှင် ထူးချွန် ဆုရရှိသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်   အနုပညာရှင် ကြီးများက     တစ်ဦးချင်း    ဖွင့်ဖောက် ကြေညာပြီး     ဆုများပေးအပ်ချီးမြှင့်ရာ ရုပ်ရှင်အတတ်ပညာဆုများ     ဖြစ်သည့် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု(၂၀၂၀) ကို “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနှင့် အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု(၂၀၂၂) ကို “ဝေးမနေချင်ဘူး” ဇာတ်ကားတို့က ရရှိကြသည်။

 


ရုပ်ရှင်အထူးဆုဖြစ်သည့် ၂၀၂၀ ပြည့် နှစ်အတွက် အကောင်းဆုံးဝတ်စားဆင်ယင် ထုံးဖွဲ့မှုဆုကို   “ကမ္မဖလ”   ဇာတ်ကားမှ  ဌေးဌေးတင်နှင့်အဖွဲ့က ရရှိသည်။

 


အကောင်းဆုံးရုပ်ရှင်  ဒါရိုက်တာဆု (၂၀၂၀) ကို      “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားဖြင့် ဒါရိုက်တာမီးပွားက ရရှိ သည်။
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု (၂၀၁၉)ကို “လှပ်၍လွင့်သော” ဇာတ်ကား ဖြင့် ခင်ဝင့်ဝါနှင့် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု (၂၀၂၀) ကို   “ရွှေမင်းသမီး” ဇာတ်ကားဖြင့် မေသဉ္ဇာဦးတို့က ရရှိကြ ပြီး အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု (၂၀၁၉)ကို “ဒဏ္ဍာရီမိုး” ဇာတ်ကားဖြင့် ရွှေထူးနှင့်     အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆု(၂၀၂၀)ကို “သောင်းတိုက်က ကြားစေသား” ဇာတ်ကားဖြင့် အုန်းသီး တို့က ရရှိကြသည်။

 


အကောင်းဆုံး    အမျိုးသမီးဇာတ် ဆောင်ဆု (၂၀၁၉) ကို     “ဟစ်တိုင်” ဇာတ်ကားဖြင့် အိန္ဒြာကျော်ဇင်၊ အကောင်း ဆုံး အမျိုးသမီးဇာတ်ဆောင်ဆု (၂၀၂၀) ကို “ရွှေမင်းသမီး” ဇာတ်ကားဖြင့် စိုးပြည့် သဇင်နှင့်    အကောင်းဆုံး  အမျိုးသမီး ဇာတ်ဆောင်ဆု (၂၀၂၂) ကို “ဝေးမနေချင် ဘူး” ဇာတ်ကားဖြင့် ရွှေမှုံရတီတို့က ရရှိ ကြသည်။

 


ဆုရရှိကြသူများကို    ပြန်ကြားရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီးနှင့် ဝါရင့် အကယ်ဒမီဆုများရှင် အနုပညာရှင် ကြီးများက အကယ်ဒမီရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ပြီး ထူးချွန်ဆုရရှိကြသူများ က   ကျေးဇူးတင်စကား   ပြောကြားကြ သည်။ 
အကောင်းဆုံးအမျိုးသား     ဇာတ် ဆောင်ဆု (၂၀၁၉) ကို  “ရိုးမပေါ်ကျတဲ့ မျက်ရည်”   ဇာတ်ကားဖြင့်   မြင့်မြတ်၊ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု (၂၀၂၀) ကို      “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားဖြင့်        စိုင်းစိုင်းခမ်းလှိုင်နှင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု (၂၀၂၂) ကို   “လိပ်ပြာထောင်ချောက်” ဇာတ်ကားဖြင့်   ပြေတီဦး တို့က    ရရှိကြ ပြီး      ရုပ်ရှင်ထူးချွန်ဆုရရှိကြသူများကို နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အကယ်ဒမီ  ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်သည်။

 


ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်နေချိန် တွင်    မြန်မာနိုင်ငံ    ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ      ရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ အနု  ပညာရှင်များက    အလှည့်ကျ    ဖျော်ဖြေ တင်ဆက်ကြသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ    ဒုတိယ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်    ထူးချွန်ဆုရရှိသူများနှင့် အတူ     စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံ ရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက် လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ    အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်  အနုပညာရှင် များကို     ရင်းရင်းနှီးနှီး     လိုက်လံ နှုတ်ဆက်သည်။

 


၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့်  ရုပ်ရှင်ဇာတ်ကားများကို  ရုံတင် ပြသနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ၂၀၂၂ ခုနှစ် ဧပြီလ မှ   စတင်ပြီး    ရုပ်ရှင်ဇာတ်ကားများကို ပြန်လည်ရုံတင်ပြသခဲ့ရာ နှစ်ကုန်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း  ၂၀ ကို   ရုံတင် ပြသနိုင်ခဲ့သည်။
ယခုကျင်းပသည့်      မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအတွက် ၂၀၁၉ ခုနှစ် တွင်   ရုံတင်ပြသခဲ့သည့်   မြန်မာ့ရုပ်ရှင် ဇာတ်ကားပေါင်း ၉၇ ကား၊ ၂၀၂၀ ပြည့်နှစ် တွင်    ရုံတင်ပြသခဲ့သည့်   မြန်မာ့ရုပ်ရှင် ဇာတ်ကားပေါင်း ၂၁ ကားနှင့် ၂၀၂၂ ခုနှစ် တွင်   ရုံတင်ပြသခဲ့သည့်    မြန်မာ့ရုပ်ရှင် ဇာတ်ကားပေါင်း ၂၀ တို့ကို မြန်မာ့ရုပ်ရှင် ထူးချွန်ဆု    စိစစ်အကဲဖြတ်ရေးအဖွဲ့က အဆင့်ဆင့်အကဲဖြတ်ပြီး ယင်းဇာတ်ကား များထဲမှ  အကောင်းဆုံးရုပ်ရှင် ဇာတ်ကား များကို    ရွေးချယ်၍    ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။ 

 


မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို     ၁၉၅၂ ခုနှစ်မှ စတင်၍ ချီးမြှင့်ခဲ့ရာ ဇာတ်ကားဆု၊ အမျိုးသားပညာသည်ဆုနှင့် အမျိုးသမီး ပညာသည်ဆု ၃ မျိုးကိုသာ   ချီးမြှင့်ခဲ့ပြီး ဇာတ်ကားဆု ပထမဆုအဖြစ် ရွှေကိန္နရီ ရုပ်၊    ဒုတိယဆုအဖြစ်    ငွေဒေါင်းရုပ်၊ တတိယဆုအဖြစ် ကြေးခြင်္သေ့ရုပ်များကို ချီးမြှင့်ခဲ့ကာ   အကောင်းဆုံးအမျိုးသား ပညာသည်ဆုနှင့်  အကောင်းဆုံးအမျိုး သမီးပညာသည်ဆုတို့ကို ရွှေရင်ထိုးများ ကိုသာ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။  ၁၉၅၇ ခုနှစ်    ထူးချွန်ဆုပေးပွဲမှ    စတင်ပြီး ဆုပုံသဏ္ဌာန်ကို ပြောင်းလဲ၍ ဆုအားလုံး ကို တစ်ပြေးညီ  ရွှေကိန္နရီရွှေစင်ရုပ်များကို  ချီးမြှင့်ခဲ့သည်။

 


 ဆု ၁၁ မျိုးအထိ ချီးမြှင့်


ထူးချွန်ဆု   အရေအတွက်ကိုလည်း ၁၉၅၄ ခုနှစ်တွင်   ဒါရိုက်တာဆု၊  ၁၉၅၅ ခုနှစ်တွင်   အထူးဆု၊   ၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆု၊ ၁၉၆၂  ခုနှစ်တွင် အမျိုးသားဇာတ်ပို့ဆုနှင့်   အမျိုးသမီး ဇာတ်ပို့ဆုများကို      တိုးမြှင့်ချီးမြှင့်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ရုပ်ရှင်ဇာတ်ညွှန်းဆု၊ ရုပ်ရှင်တေးဂီတဆု၊ ရုပ်ရှင်အသံဆုများကို ထပ်မံတိုးမြှင့်ချီးမြှင့်ခဲ့သဖြင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု  ၁၀ မျိုးအထိ   ရှိလာခဲ့ကာ ၁၉၉၄ ခုနှစ်မှစပြီး ရုပ်ရှင်တည်းဖြတ်ဆု ကိုပါ   ထပ်တိုးချီးမြှင့်ခဲ့သဖြင့်  ဆုအမျိုး အစားပေါင်း ၁၁ မျိုးအထိ ချီးမြှင့်ခဲ့သည်။ 

 


၁၉၅၂ ခုနှစ်မှ  ၂၀၁၈ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအထိ အနုပညာရှင် နှင့် အတတ်ပညာရှင်ပေါင်း ၂၀၈ ဦးကို ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ    ထူးချွန်ဆု ၇ ဆုရှင်   တစ်ဦး၊   ထူးချွန်ဆု   ၆ ဆုရှင် ၄ ဦး၊ ထူးချွန်ဆု ၅ ဆုရှင် ၇ ဦး၊ ထူးချွန်ဆု ၄ ဆုရှင် ၅ ဦး၊ ထူးချွန်ဆု ၃ ဆုရှင် ၂၁ ဦး၊ ထူးချွန်ဆု ၂ ဆုရှင် ၄၂ ဦးနှင့် ထူးချွန်ဆု ၁ ဆုရှင်   ၁၂၈ ဦးတို့ကို   ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်နိုင်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ စ၍ ရွှေကိန္နရီ ရွှေစင်ရုပ်တွင် တပ်ဆင်ထား သည့်    ငွေကြယ်အစား   နှစ်ကျပ်သား ရွှေစင်ကြယ်ကို    တပ်ဆင်ချီးမြှင့်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက် ချီးမြှင့်သည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှစ၍ နှစ်ကျပ်သား ရွှေစင်ကြယ်အစား ငါးကျပ်သား ရွှေစင် ကြယ်သို့     ပြောင်းလဲပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။  

          
သတင်းစဉ်