
မော်လမြိုင် စက်တင်ဘာ ၂၉
အလုပ်သမားဝန်ကြီးဌာန မြို့နယ်လူမှုဖူလုံ ရေးရုံး မော်လမြိုင်မြို့ ၂၀၁၂ ခုနှစ် လူမှုဖူလုံ ရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုငွေထုတ်ပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်က မွန်ပြည်နယ် လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အလုပ်သမားဝန်ကြီး ဌာန ပြည်နယ်လူမှုဖူလုံရေးရုံးမှ ပြည်နယ် တာဝန်ခံအရာရှိ ဦးသက်ဆွေက အမှာစကား ပြောကြားပြီး လူမှုဖူလုံရေး သမိုင်းကြောင်းကို လည်ကောင်း၊ မြို့နယ်လူမှုဖူလုံရေးရုံး တာဝန်ခံ ဒေါ်သိင်္ဂီဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံ ရေး ဥပဒေပါ အကျိုးခံစားခွင့်များအား လည်ကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မဟာဓာတ်အားလိုင်းမှူးရုံးမှ အာမခံအလုပ်သမား ဦးအောင်ဇင်ဦး၏ အလုပ် တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ မိသားစုအား အကျိုးခံစားခွင့် ငွေကျပ် ၉၉၀၀၀၀၀ ကို ပြည်နယ်တာဝန်ခံအရာရှိ ဦးသက်ဆွေက သေဆုံးသူ၏ဇနီးထံ ပေးအပ်ပြီး မဟာဓာတ်အားလိုင်းမှူးရုံးမှ ဦးစီးအရာရှိ ဦးနေထက်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် ခရိုင်(ပြန်/ဆက်)