၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်

 

နေပြည်တော် ဖေဖော်ဝါရီ ၂၆


ပြည်ထောင်စု  ရွေးကောက်ပွဲ ကော်မရှင်နှင့်  နိုင်ငံရေးပါတီများ  တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို  ယနေ့  နံနက်   ၉  နာရီတွင်   နေပြည်တော်ရှိ  ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်   ဥက္ကဋ္ဌ  ဦးသိန်းစိုးနှင့်     ကော်မရှင်အဖွဲ့ဝင် များ၊  ကော်မရှင်ရုံးမှ တာဝန်ရှိသူ များနှင့်  နိုင်ငံရေးပါတီ ၅၃ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။


အစည်းအဝေးတွင်    ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက  ၂၀၀၈  ခုနှစ်  ဖွဲ့စည်းပုံ အခြေခံဥပဒေ  ပုဒ်မ ၄၁၇   အရ ဖေဖော်ဝါရီ ၁ ရက်တွင်   နိုင်ငံ တော်ကို   အရေးပေါ်အခြေအနေ သတ်မှတ်ပြီး ပုဒ်မ ၄၁၈(က)အရ ဥပဒေပြုရေး၊  အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး   အာဏာတို့ကို  တပ်မတော်ကာကွယ်ရေး  ဦးစီး ချုပ်ထံသို့ ယာယီသမ္မတက လွှဲအပ်ခဲ့ပါကြောင်း၊ ယင်းသို့ လွှဲအပ်သည့်နေ့မှစ၍ လွှတ်တော် အားလုံးနှင့် ဦးစီးအဖွဲ့များ၏  ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းထားရမည်ဟု  မှတ်ယူရ မည့်အပြင် လွှတ်တော်များ၏ သက်တမ်း ကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ      လွှတ်တော်များ သည် အလိုအလျောက်  ဖျက်သိမ်း ပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း၊ ထိုသို့  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ  နိုင်ငံတော်အာဏာ ၃ ရပ်ကို လွှဲအပ်ပြီးနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို   ဖွဲ့စည်း ခဲ့ပြီး နိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီက       ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို  ဖွဲ့ စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီက     ချမှတ်ထားသည့်    ရှေ့လုပ်ငန်းစဉ်   ၅   ရပ်အနက် ပထမလုပ်ငန်းစဉ်ကို  အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်  ပြည်ထောင်စု    ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်   ဖေဖော်ဝါရီ ၅ ရက်မှစ၍    ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် မဲမသမာမှု များနှင့်စပ်လျဉ်းပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို  စတင် ပြုလုပ်လျက်ရှိပါကြောင်း။


စုံစမ်းစစ်ဆေးမှုများပြုလုပ်


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ လွှတ်တော် အသီးသီးအတွက် ပြည်ထောင်စု  ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးထားသော လွှတ်တော်ကိုယ်စားလှယ်အဖြစ်အသိအမှတ်ပြုလွှာများသည် မဲမသမာမှုများအတွက် စုံစမ်း စစ်ဆေးမှုများ         ပြုလုပ်နေစဉ် ကာလအတွင်း  အကျိုးသက် ရောက်မှု တစ်စုံတစ်ရာမရှိ ကြောင်းကို ဖေဖော်ဝါရီ ၅ ရက်စွဲ ဖြင့်လည်းကောင်း၊ ရွေးကောက် ပွဲကာလတွင် မဲစာရင်းကောက် ယူပြုစုခြင်း၊  ကြိုတင်မဲပေးခြင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံတွင် မဲပေးခြင်း   စသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍   မဲမသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများကို  သိရှိ သည့် ပြည်သူများမှ တိုင်ကြားနိုင် ရန်  အသိပေးကြေညာချက် နှင့် မဲစာရင်းကွာဟမှုများကို ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသုံးပြုခဲ့သည့် မဲစာရင်း များ၊     အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ  ရရှိသည့်   လူဦးရေစာရင်းများ၊ မြေပြင် အခြေအနေများနှင့်  ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးလျက်ရှိပြီး စစ်ဆေး တွေ့ရှိချက်များအား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တို့ကို  ဖေဖော်ဝါရီ ၁၁ ရက်စွဲဖြင့် လည်းကောင်း၊ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေရှိ  မြို့နယ် ၈ မြို့နယ်၏  မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ   စိစစ်တွေ့ ရှိမှုများကို   ဖေဖော်ဝါရီ ၁၆ ရက် တွင်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊  ရမည်းသင်းခရိုင်ရှိ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ် မြို့နယ်တို့၏   မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိ မှုများကို  ဖေဖော်ဝါရီ ၂၂ ရက်တွင်  လည်းကောင်း၊ အထွေထွေ ရွေးကောက်ပွဲအတွက်    ဆန္ဒမဲလက်မှတ်ရိုက်နှိပ်မှုနှင့်  စစ်ဆေး တွေ့ရှိချက်များကို ဖေဖော်ဝါရီ ၂၃ ရက်နှင့်  ဖေဖော်ဝါရီ ၂၄ ရက်တို့ တွင်လည်းကောင်း၊  လွှတ်တော် ကိုယ်စားပြု ကော်မတီများ ဖွဲ့စည်း   ဆောင်ရွက်နေမှုအပေါ် ဥပဒေနှင့်အညီ   အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း  အသိပေး ကြေညာခြင်းကို  ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်းကောင်း ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ မဲစာရင်း စိစစ်တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များကို အချိန်နှင့်တစ်ပြေးညီ  ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း။


ကျင်းပပေးသွားမည်


 ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့ လုပ်ငန်းစဉ် ၅ ရပ်တွင်ပါရှိသော ပထမလုပ်ငန်းစဉ်ကို  ဆောင်ရွက် ပြီးပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်   ဥပဒေ၊ သက်ဆိုင်ရာ  လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လွတ်လပ်ပြီး တရား မျှတသော  ပါတီစုံဒီမိုကရေစီ အထွေထွေ   ရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး   တရားမျှတသော ပါတီစုံဒီမိုကရေစီ   အထွေထွေ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ကျင်းပပေးနိုင်ရေးအတွက် မဲဆန္ဒ ရှင်စာရင်းကို  ပြုစုသွားမည်ဖြစ် ပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သော    မဲဆန္ဒရှင်စာရင်းသည် ရွေးကောက်ပွဲ  စတင်ကျင်းပသည့် နေ့၌   အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်    ရသူများသာ ဖြစ်ရမည်      ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲများကို   တည်ငြိမ် အေးချမ်းပြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်  ပိုမိုကောင်းမွန် ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံ ရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများမှ အခက်အခဲများ၊ အကြံပြုချက်များရှိပါက အကြံပြုပေးကြပါရန် ပြောကြားသည်။


တင်ပြ ဆွေးနွေး


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံရေး ပါတီများက မဲဆန္ဒရှင်စာရင်းပြုစု ခြင်း၊ ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပတွင်  ရောက်ရှိ နေသာ မဲဆန္ဒရှင်များအနေဖြင့် ရောက်ရှိနေသည့်နေရာတွင် ဆန္ဒ မဲပေးခြင်းဆိုင်ရာများ၊ လုံခြုံရေး၊   တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာ ရေးဆိုင်ရာများ၊  ရွေးကောက်ပွဲစနစ် ပြင်ဆင်ရေး၊ လွှတ်တော်ကိုယ်စားပြုကော်မတီ များ    ဖွဲ့စည်းဆောင်ရွက်နေမှု အပေါ် အရေးယူဆောင်ရွက်ရေး နှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို    လွတ်လပ် တရားမျှတပြီး    အောင်မြင်စွာ ကျင်းပပေးရေးတို့ကို     တင်ပြ ဆွေးနွေးခဲ့ကြရာ    တင်ပြချက် များအပေါ်     ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်    ရှင်းလင်းဆွေးနွေး သည်။ ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကား      ပြောကြားခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်