
နေပြည်တော် ဩဂုတ် ၂၅
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး (16th ASEAN Navy Chiefs’ Meeting-16th ANCM) သို့ တက်ရောက်ခဲ့ သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
အဆိုပါ ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ)ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် (၁၆) ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး တက်ရောက်ခြင်း နှင့် အာဆီယံရေတပ်ဦးစီးချုပ် များ နှစ်နိုင်ငံရေတပ် တွေ့ဆုံခြင်း (Bilateral Call) များ ဆောင်ရွက် ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံ ရေတပ်များမှ ရေတပ်ဦးစီးချုပ်များ၊ လာအို နိုင်ငံမှ ဒုတိယကြည်းတပ် ဦးစီးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ရေတပ်ဦးစီးချုပ်များ အစည်း အဝေးတွင် သဘာပတိဖြစ်သူ အင်ဒိုနီးရှားနိုင်ငံရေတပ်ဦးစီးချုပ် Admiral Yudo Margono က (၁၆) ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်း အဝေး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်းအဝေး ဖွင့်လှစ်ပေးသည်။ ယင်းနောက် ယခင်နှစ် (၁၅) ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး မှတ်တမ်းကို အတည်ပြုသည်။ ဆက်လက်၍ ANCM အမြဲတမ်းပူးတွဲ အတွင်း ဝန်က ဒေသတွင်း ပင်လယ် ရေကြောင်း လုံခြုံရေးအခြေအနေ များကို အကျဉ်းချုပ် တင်ပြ ဆွေးနွေးသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် အာဆီ ယံ ရေတပ်ဦးစီးချုပ်များက “The Roles of ASEAN Navies in Add-ressing Maritime Challenges’’ (ပင်လယ်ရေကြောင်း စိန်ခေါ်မှု များကို ဖြေရှင်းရာတွင် အာဆီယံ ရေတပ်များ၏ အခန်းကဏ္ဍ) ခေါင်းစဉ်အား နိုင်ငံအလိုက်အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က ဒေသ တွင်း ပင်လယ်ရေကြောင်း စိန်ခေါ် မှုများကို စုပေါင်းဖြေရှင်းခြင်း ဖြင့် လုံခြုံစိတ်ချတည်ငြိမ် သော ရေကြောင်းနယ်ပယ် တည် ဆောက်နိုင်မှုများ၊ တပ်မတော် (ရေ)၏ စွမ်းဆောင်ရည်မြှင့်တင်မှု ကို လေ့ကျင့်ရေးဖြင့် ဦးတည် ဆောင်ရွက်နေမှုများ၊ အာဆီယံ ရေတပ်များ ကျင့်သုံးရမည့် Team Work ၏ အရေးပါမှုကို ဆွေးနွေး ခဲ့ပြီး အာဆီယံ ရေတပ်ဦးစီးချုပ် များက ရေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွား ကြရန်နှင့် ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာများကို ဟန်ချက် ညီ ပူးပေါင်းဆောင်ရွက်ကြရန် တို့ကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် အာဆီယံရေတပ် လေ့ကျင့်ရေးဆိုင်ရာ အတွေ့ အကြုံများဖလှယ်ရေး အစီအစဉ် အတွက် ဆွေးနွေးမှုများကို ဆောင် ရွက်ကြပြီး ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည့် ရေတပ်ဆိုင်ရာ ပူးပေါင်း လေ့ကျင့်ခန်းများ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ် ရေကြောင်း ကာကွယ်ရေးပစ္စည်း ပြပွဲနှင့် ရေတပ်အချင်းချင်း တွေ့ဆုံဆွေးနွေးရေး အစီအစဉ် များနှင့် ပတ်သက်၍ ဖိတ်ကြား ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် သဘာပတိ အင်ဒိုနီးရှား ရေတပ်ဦးစီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်း ခဲ့သည်။
အစည်းအဝေး အပြီးတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) သည် အင်ဒိုနီးရှားရေတပ်ဦးစီး ချုပ်၊ ဗီယက်နမ်ရေတပ်ဦးစီးချုပ်၊ ထိုင်းရေတပ်ဦးစီးချုပ်၊ ကမ္ဘောဒီး ယား ရေတပ်ဦးစီးချုပ်နှင့် လာအို ကြည်းတပ်ဒုတိယဦးစီးချုပ်တို့ကို သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်နိုင်မှုများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်