
တာချီလိတ် မတ် ၁၆
(၁၄)ကြိမ်မြောက် မြန်မာ - လာအို ဗဟိုအဆင့် နယ်စပ်ဒေသ အာဏာ ပိုင်များ အစည်းအဝေးကို ယမန်နေ့က တာချီလိတ်မြို့ 1G1-11 ဟိုတယ်၌ ကျင်းပသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
အစည်းအဝေးတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ ဖိုဆိုင်း ခိုင်ခန်း ဖိထွန်တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေး၊ အထူးသဖြင့် နယ်စပ်ဒေသ အာဏာပိုင်များအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွား ရေး၊ နယ်စပ်ဖြတ်သန်းသွားလာ ခွင့်၊ နယ်စပ်စစ်ဆေးရေးဂိတ်များ နှင့် နယ်စပ်ကုန်သွယ်ရေး၊ အလုပ် သမားဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု၊ မဲခေါင်မြစ်အတွင်း ရေကြောင်း သွားလာမှု၊ နယ်နိမိတ်မှတ်တိုင် များ စစ်ဆေးခြင်းနှင့် ပြုပြင် မွမ်းမံခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင် ရွက်မှုနှင့် အခြားကိစ္စရပ်များကို ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အစည်းအဝေးသို့ နှစ်နိုင်ငံ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
ညပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ကို တာချီလိတ်မြို့ရှိ အာခါရိုးရာ စားသောက်ဆိုင်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(၁၄)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသ အာဏာပိုင်များ အစည်းအဝေး မတိုင်မီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မတ် ၁၄ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်ကိုနှင့် လာအို နိုင်ငံခြားရေးဝန်ကြီးဌာန အမျိုးသား နယ်နိမိတ်ရေးရာ ကော်မတီရုံး ညွှန်ကြားရေးမှူးချုပ် မစ္စတာ အန်နိုးဆင် ခိုင်ပိညာလာတို့က ဦးဆောင်၍ တာချီလိတ်မြို့ 1G1-11 ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်