
နေပြည်တော် နိုဝင်ဘာ ၂၅
ASEAN+3 ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဗီယက်နမ် နိုင်ငံ အမျိုးသားလွှတ်တော်က ကြီးမှူး၍ (၁၄၃) ကြိမ် မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးဖြစ်သည့် ASEAN + 3 အစည်း အဝေးကို virtual စနစ်ဖြင့် ယနေ့တွင် ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုးနှင့် တာဝန်ရှိ သူများ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးသို့ ASEAN+3 ပါလီမန်အဖွဲ့ဝင် များတက်ရောက်ကြပြီး ASEAN+3 အလှည့်ကျဥက္ကဋ္ဌ က အဖွင့်အမှာစကားပြောကြားကာ အစည်းအဝေး အစီအစဉ်ကိုအတည်ပြုခြင်း၊ ၂၀၂၁ ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ASEAN + 3 အစည်းအဝေး၏ အစည်းအဝေးမှတ်တမ်းအတည်ပြုခြင်း၊ (၁၄၃) ကြိမ် မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံအတွင်း လစ်လပ်နေရာများ ဖြည့်ဆည်းခြင်း၊ Drafting Com-mittee on the Emergency Item အတွက် အမည် စာရင်းတင်သွင်းခြင်းနှင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် ASEAN+3 အစည်းအဝေး၏ အလှည့်ကျ ဥက္ကဋ္ဌကို အတည်ပြုခြင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်