၁၃၈၄ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် နေပြည်‌တော်မြို့တော်ဝန် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏(တတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်    ဧပြီ   ၆


မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ မြန်မာ့ ရိုးရာနှစ်သစ်ကူး  အတာသင်္ကြန် ပွဲတော်တွင်         နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်ပွဲတော် အား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်     ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏   (တတိယ အကြိမ်)   လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ၂ နာရီ က နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ    အစည်းအဝေး ခန်းမ၌ ကျင်းပရာ မဟာသင်္ကြန် ကျင်းပရေးဦးစီးကော်မတီ  ဥက္ကဋ္ဌ၊      နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် တက် ရောက်    အမှာစကား    ပြောကြား သည်။

 


အစည်းအဝေးသို့         မဟာ သင်္ကြန်ကျင်းပရေးဦးစီးကော်မတီ ဝင်များဖြစ်ကြသည့် နေပြည်တော်  ကောင်စီအဖွဲ့ဝင်များ၊   နေပြည် တော်   စည်ပင်သာယာရေးကော် မတီ  ဒုတိယမြို့တော်ဝန်၊   အမြဲ တမ်းအတွင်းဝန်နှင့် ဌာနကြီးမှူး များ၊   ဌာနမှူးများ၊   သက်ဆိုင်ရာ ပြည်ထောင်စု    ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ    တက်ရောက် ကြသည်။

 


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်


ရှေးဦးစွာ       နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊      မြို့တော်ဝန် ဦးတင်ဦးလွင်က မြို့တော်ဝန်မဟာ သင်္ကြန်မဏ္ဍပ်နှင့်‌   နေပြည်တော် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်း အနားများကို   သင်္ကြန်အကြိုနေ့ ဧပြီ   ၁၃   ရက်    နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ဖွင့်လှစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခု နှစ်တွင် မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်အပြင်      နေပြည်တော် လမ်းလျှောက်သင်္ကြန်နှင့် ရေပန်း ဥယျာဉ်တို့တွင်လည်း     သင်္ကြန်ပွဲ များကို စည်ကားသိုက်မြိုက်စွာ  ကျင်းပပြုလုပ်မည်ဖြစ်ရာ အများ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေ   ရေပက် ကစားနိုင်စေရေး     သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန်၊ လုံခြုံရေးကိစ္စများ အထူးဂရုပြုရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု   မဟာ သင်္ကြန်ပွဲတော်ကို       ယဉ်ကျေး သိမ်မွေ့စွာ  ရေပက်ကစားနိုင်ရေး အတွက်   ဦးစီးကော်မတီ၊   ဆပ် ကော်မတီများအနေဖြင့် သက်ဆိုင် ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန်   ပြော ကြားသည်။

 


ထို့နောက် လုံခြုံရေးဆပ်ကော် မတီ၊    အခမ်းအနားပြင်ဆင်ရေး၊ ရေရရှိရေးနှင့် ရေပက်ကစားရေး ဆပ်ကော်မတီ၊ ဖျော်ဖြေရေးနှင့် ပြန်ကြားရေး    ဆပ်ကော်မတီ၊ ကျန်းမာရေးနှင့်     သန့်ရှင်းရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး    ဆပ် ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊       ဘဏ္ဍာရေး ဆပ်ကော်မတီနှင့် ဧည့်ခံကျွေးမွေး ရေး ဆပ်ကော်မတီတို့မှ   မြန်မာ့ ရိုးရာနှစ်ကူးအတာသင်္ကြန်ပွဲတော်  အောင်မြင်စွာ      ကျင်းပနိုင်ရေး အတွက် လက်ရှိဆောင်ရွက်ထားရှိ မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်