နေပြည်တော် ဇူလိုင် ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၄ (၂၀၂၂) ခုနှစ် အစိုးရနိကာယ်စာမေးပွဲ အောင်စာရင်းကို ၁၃၈၄ ခုနှစ် ဝါဆိုလဆန်း ၁၄ ရက်၊ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်(တနင်္လာနေ့) နံနက် ၆ နာရီတွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ website www.mahana.org.mm၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန website www.mora.gov.mm၊ သာသနာရေး ဦးစီးဌာန website www.dra.gov.mm တို့မှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သာသနာ ရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်



