
ဟိုပန် ဇန်နဝါရီ ၁၈
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဟိုပန်ခရိုင် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၌ ပြုလုပ်ရာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင် များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော် စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြော ကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်က ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှမ်းပြည်နယ်အတွင်း သိုလှောင်ရုံနှင့် အသိပညာပေးစင်တာများ ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ အဆောက် အအုံနှင့် ပတ်သက်သော အချက်အလက်များ ကို မိုးပုလဲသွယ်ဂရု(ပ်)ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပေးအပ်ရာ ခရိုင်ဦးစီးမှူး ဒေါ်ဟိဏ်းသီရိကျော်က လက်ခံယူသည်။
ထို့နောက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက အဆောက် အအုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်း ကြေးပြားကို အမွှေးနံ့သာရည်တို့ဖြင့် ပက်ဖျန်း ပေးသည်။ အဆိုပါ အဆောက်အအုံသည် အာစီနှစ်ထပ်အဆောက်အအုံဖြစ်ပြီး မဲခေါင်- လန်ချန်းဒေသ ပူးပေါင်းဆောင်ရွက်မှု ၂၀၂၁ ခုနှစ် အထူးရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)