
ဟိုပန် ဇူလိုင် ၂၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ရှိ စောင့်ကြည့်စင်တာများတွင် အသုံးပြုရန်အတွက် ခုတင်နှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး အောင်ကျော်က ထောက်ပံ့ပေးအပ်ရခြင်းကို ရှင်းလင်း ပြောကြားပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ထောက်ပံ့သည့် အစား အသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို ဗိုလ်မှူးကြီး အောင်ကျော်က ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက လက်ခံယူခဲ့သည်။
ယနေ့ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများမှာ ခုတင် ၁၀ လုံး၊ ရေသန့် ၁၂ ကတ်၊ ကြက်ဥ ၁၂ ကတ်၊ ခေါက်ဆွဲခြောက် ငါးဖာ၊ လက်ဖက်ရည်ထုပ် ၁၄ ထုပ်၊ ခြင်ထောင် ၁၀ လုံး၊ စောင်ထူ ၁၀ ထည်၊ စောင်ကျား ၁၀ ထည်၊ ခေါင်းအုံး ၁၀ လုံး၊ ဘီစကစ် တစ်ဖာနှင့် အချိုရည် လေးဖာတို့ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)