
နေပြည်တော် မေ ၁
ရှမ်းပြည်နယ် အစိုးရရန်ပုံငွေ ဖြင့် တည်ဆောက်ခဲ့သည့် ရှမ်း ပြည်နယ်တောင်ပိုင်း လင်းခေး ခရိုင် ဟိုမိန်းမြို့ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို ဧပြီ ၃၀ ရက်က အဆိုပါရေအား လျှပ်စစ်စက်ရုံ၌ ကျင်းပရာ ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူ များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒေသခံပြည်သူ များအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ထောက်ပံ့သည့် ဆိုလာ အစုံ ၅၀၊ ကျောင်းသုံးဗလာ စာအုပ်များနှင့် ကျောင်းဝတ်စုံ များကို ပြည်နယ်ဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ရေအားလျှပ်စစ်စက်ရုံ မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး ကမ္ပည်းမော်ကွန်းကျောက်စာ အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် လျှပ်စစ် ဓာတ်အားလိုင်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက ရေအားလျှပ်စစ် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု ကြောင်း သိရသည်။
သတင်းစဉ်