ဟစ်ဇ်ဘိုလာစစ်သွေးကြွများ လွှတ်တင်လိုက်‌သော ဒရုန်းတစ်စင်းကို  အစ္စရေး ကြားဖြတ်ပစ်ချ


 

ဂျေရုဆလင်   မေ   ၁၇
အစ္စရေးစစ်တပ်သည်   လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့က လွှတ်တင် လိုက်သော  ဒရုန်းတစ်စင်းကို  အစ္စရေး လေပိုင်နက်အတွင်း  ကြားဖြတ်ပစ်ချနိုင်ခဲ့ ကြောင်း   ထုတ်ပြန်ချက်အရ သိရသည်။   
စစ်သားများသည်  အဆိုပါ  ဒရုန်း ကို    မပစ်ချမီတွင်  ဖြစ်စဉ်တစ်ခုလုံးကို           စောင့်ကြည့်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။ 
အဆိုပါ    ဖြစ်စဉ်နှင့်ပတ်သက်ပြီး အစ္စရေးစစ်တပ်က  အသေးစိတ်ပြောကြား ခြင်းမရှိသော်လည်း အစ္စရေး၏ အချုပ် အခြာအာဏာကို   ချိုးဖောက်လာမည့် ကြိုးပမ်းမှုမှန်သမျှကို  တားဆီးသွားရန် ဆက်လက်   စောင့်ကြည့်သွားမည်ဖြစ် ကြောင်း သိရသည်။ 
အဆိုပါ    ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဟစ်ဇ်ဘိုလာဘက်က မည်သည့်မှတ်ချက် မျှ  မပေးခဲ့ကြောင်း  သိရသည်။   အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ တွင်  အစ္စရေးနိုင်ငံ၏  မည်သည့် နေရာကို မဆို   ပစ်ခတ်နိုင်စွမ်းရှိသော   ဒုံးပျံနှင့် ဒုံးကျည်  ၁၅၀၀၀၀  ခန့်   ပိုင်ဆိုင်ထား သည်ဟု အစ္စရေးက ခန့်မှန်းထားသည်။  
အစ္စရေးနှင့်  ဟစ်ဇ်ဘိုလာတို့သည် ၂၀၀၆ ခုနှစ်တွင်  ပြင်းထန်သော  စစ်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။   
ဆင်ဟွာ