ဟားရစ်သမ္မတလောင်းအဖြစ် ရွေးချယ်ခံရရေး လုံလောက်သော မဲအရေအတွက် ရရှိပြီးဖြစ်ဟုဆို

 

ဝါရှင်တန်   ဩဂုတ်   ၃


အမေရိကန်  ဒုတိယသမ္မတ  ကာမလာ ဟားရစ်သည်    ပါတီ၏   သမ္မတလောင်း အဖြစ်  ရွေးချယ်ခံရရေး ဒီမိုကရက်တစ် အမျိုးသားကွန်ဗင်းရှင်းတွင်     ကိုယ်စား လှယ်များ၏   လုံလောက်သော   မဲအရေ အတွက်ကို    ရရှိပြီးဖြစ်သည်ဟု    သိရ သည်။


ဒီမိုကရက်တစ် အမျိုးသားကော်မတီ ဥက္ကဋ္ဌက  ဩဂုတ် ၂ ရက်တွင်   ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။    ကော်မတီသည် အွန်လိုင်းမှ  မဲပေးမှုပြုလုပ်ခဲ့ပြီး ဩဂုတ် ၃ ရက်အထိ  မဲပေးမှု ဆက်လက်လုပ် ဆောင်မည်ဖြစ်သည်။ ကာမလာဟားရစ် လည်း  အဆိုပါညီလာခံတွင်      ပါဝင်ခဲ့ပြီး  လာမည့်သီတင်းပတ်တွင် သမ္မတလောင်း အဖြစ်       အမည်စာရင်းတင်သွင်းမှုကို တရားဝင်        လက်ခံရမည်ဖြစ်ကြောင်း    ပြောကြားခဲ့သည်။


ဟားရစ်သည်         ရီပတ်ဘလီကင် သမ္မတလောင်း ဖြစ်သည့်   ဒေါ်နယ်ထရမ့် နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။    အကယ်၍ ကာမလာဟားရစ်သာ    အနိုင်ရရှိခဲ့ပါက ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမည် ဖြစ်သည်။ အသက် ၅၉ နှစ်ရှိပြီဖြစ်သည့် ဟားရစ်သည်     အမေရိကန်သမိုင်းတွင် ပထမဆုံး     အိန္ဒိယန်း - အမေရိကန် အမျိုးသမီးတစ်ဦးအနေဖြင့်        အဓိက ပါတီကြီး၏     သမ္မတလောင်းအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။ ဩဂုတ် ၇ ရက်တွင်   ပါတီခေါင်းဆောင်များသည်         ဒုတိယသမ္မတလောင်းကို   ရွေးချယ်မည် ဟု ခန့်မှန်းထားသည်။    

အင်န်အိတ်ချ်ကေ