ဟားမားစ်အပေါ် အစ္စရေး၏ ထိုးစစ်ဆင်မှုပြန်လည်စတင်

 

ဂါဇာ  ဒီဇင်ဘာ  ၂


ဟားမားစ်ကို  ထိုးစစ်ဆင်မှု   ပြန် လည်စတင်ပြီးနောက် တစ်ရက် အတွင်း      ဂါဇာကမ်းမြောင်ရှိ ပစ်မှတ် ၄၀၀ ကျော်ကို  ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း     အစ္စရေး တပ်ဖွဲ့ဘက်က     ပြောသည်။ ထိုတိုက်ခိုက်မှုကြောင့်  လူပေါင်း ၂၀၀ ကျော်  သေဆုံးပြီး   အခြား ၅၈၉      ဦး     ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း     ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ 


ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုသက်တမ်းကုန်ဆုံး သွားပြီးနောက် ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ဟားမားစ်တို့အပေါ် အစ္စရေးက ၎င်းတို့၏ စစ်ဆင်ရေး များ    ပြန်လည်စတင်ခဲ့သည်။ ပစ်မှတ် ၄၀၀ ကျော်ကို ပစ်ခတ် တိုက်ခိုက်မှုနှင့်     ပတ်သက်ပြီး ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက လူမှု ကွန်ရက်ပေါ်တွင် တင်ခဲ့ကြောင်း၊ အဆိုပါ      တိုက်ခိုက်မှုအတွင်း ဟားမားစ်တို့ အခိုင်အမာခြေကုပ် ယူထားသည့် ဂါဇာကမ်းမြောင် မြောက်ပိုင်းမြို့ဖြစ်သော ဘိတ် လာဟီယာမြို့ ပါဝင်ကြောင်း သိရ သည်။ 


ထို့အပြင်  ဂါဇာကမ်းမြောင် တောင်ပိုင်းမြို့ဖြစ်သော ခန်းယူနစ် မြို့ရှိ    ပစ်မှတ်   ၅၀    ကျော်ကို လည်း       အစ္စရေးတပ်ဖွဲ့ဘက် က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း   သိရသည်။ လူမှုကွန်ရက်တွင် ထုတ်ပြန်ထား သော ဂါဇာကမ်းမြောင်၏ မြေပုံ ပေါ်တွင် ဖော်ပြထားသည့်အတိုင်း ပြောင်းရွှေ့ရန်     သတ်မှတ်ထား သည့်      ဇုန်အတွင်းရှိနေပါက ဘေးလွတ်ရာသို့  ပြောင်းရွှေ့ရန် အစ္စရေးတပ်ဖွဲ့ဆိုင်ရာ    အာရဗီ စကားပြော ပြောရေးဆိုခွင့်ရှိသူက ပြည်သူများကို တိုက်တွန်းထား သည်။              

အင်န်အိတ်ချ်ကေ