
ဟားခါး ဖေဖော်ဝါရီ ၂
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျရောက်မည့် (၇၆) နှစ် မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ချင်း အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ လေ့လာတင်ပြ ဟောပြောပွဲကို ဖေဖော်ဝါရီ ၁ ရက်က ဟားခါး တက္ကသိုလ်၌ ကျင်းပသည်။
ဦးစွာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ နွယ်သင်းနီက အမှာစကား ပြောကြားပြီး ဟားခါးတက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာ နန်းလှိုင်က ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင် ရွက်မှုများ၊ မျိုးဆက်သစ်လူငယ် များအတွက် နိုင်ငံချစ်စိတ်၊ ပြည်နယ်ချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်နှင့် ချင်းအမျိုးသား ရေးစိတ်ဓာတ်ကောင်းများ ရှင်သန် ပေါက်ဖွား လာစေရေးအတွက် နှစ်စဉ်နှစ်တိုင်း ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပနေမှုများကို ရှင်းလင်းတင်ပြဟောပြောသည်။
ယင်းနောက် ဟားခါး တက္ကသိုလ် နေ့သင်တန်း ကျောင်း သား ကျောင်းသူများက ထပ်မံသိရှိ လိုသည့်အချက်များကို မေးမြန်းကြ ပြီး သမိုင်းပါမောက္ခ ဒေါက်တာ နန်းလှိုင်က ပြန်လည်ဖြေကြား သည်။ အဆိုပါ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ လေ့လာတင်ပြ ဟောပြောပွဲသို့ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ နွယ်သင်းနီ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။ ခရိုင် (ပြန်/ဆက်)