“ဟားစတိုင်လ်ရဲ့ အောင်ပွဲအငြိမ့်”  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်    မတ်    ၂၃
ပြည်သူများ    အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့်    စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေ ရေးအစီအစဉ်များကို  တိုးမြှင့် တင်ဆက်လျက်ရှိရာ“ဟားစတိုင်လ် ရဲ့  အောင်ပွဲအငြိမ့်”    ဖျော်ဖြေပွဲကို မတ် ၂၆ ရက် (စနေနေ့) ည ၈ နာရီ   သတင်းအပြီးတွင်      မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ    ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို လူရွှင်တော် စတားကောင်းထက်     စီစဉ်ပြီး မဟာရန်ကုန် အောင်စည်မိုး ဆိုင်း ဝိုင်းကြီးအဖွဲ့၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး   ဝိုင်းကြာ ဖြူ ၊ ရှေ့ထွက်မင်းသမီး အေးသဉ္ဇာ ထွန်း၊   လူရွှင်တော်များဖြစ်ကြသည့် စတားကောင်းထက်၊   ကောင်းမွန်၊ ဖြိုးဖြိုးနှင့် ဖြူဖွေးတို့က    ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့          တင်ဆက်မှုကို   မတ်  ၂၇  ရက်      (တနင်္ဂနွေနေ့) မွန်းလွဲပိုင်း     National   News အင်္ဂလိပ်ဘာသာ သတင်းအစီအစဉ် အပြီးတွင်   ဒုတိယအကြိမ် ထမ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။     
သတင်းစဉ်