ဂျပန်ဝန်ကြီးချုပ် ဝန်ကြီးအဖွဲ့အတွင်း အပြောင်းအလဲများ ပြုလုပ်ပြီး လုပ်အားခများတိုးပေးရန် ကတိပြု

 

တိုကျို   စက်တင်ဘာ    ၁၃ 


ဂျပန်ဝန်ကြီးချုပ်   ဖူမီယိုကီရှီဒါ သည် စက်တင်ဘာ ၁၃  ရက်က ဝန်ကြီးအဖွဲ့ရာထူးအပြောင်းအလဲများပြုလုပ်ခဲ့သော ၎င်း၏အစိုးရ အဖွဲ့အတွက်      စီးပွားရေးနှင့် အခြားရည်မှန်းချက်   ပန်းတိုင် များ ချမှတ်ခဲ့သည်။ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းကို  တိုက်ဖျက် ရေးသည်    ထိပ်တန်းဦးစားပေး ကိစ္စရပ်ဖြစ်ကြောင်း၊ ၎င်း၏အစိုးရ အဖွဲ့သည်       ကမ္ဘာ့စီးပွားရေး ကို    မငြိမ်မသက်ဖြစ်စေသည့် အကြောင်းတရားများ ပေါ်ပေါက် လာခြင်းကို အလေးအနက်ထား တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။ တုံ့ပြန် ဆောင်ရွက်မှုများတွင်     ကမ္ဘာ့ တောင်ဘက်ခြမ်း   တိုးတက်လာ ခြင်းနှင့်  အေအိုင်နည်းပညာများတိုးတက်လာခြင်းလည်း   ပါဝင် သည်။ 


သတင်းစာ   ရှင်းလင်းပွဲတွင် ကီရှီဒါက ဂျပန်နိုင်ငံသည် စိုးရိမ် ဖွယ်ကောင်းသော ပြောင်းလဲခြင်း များနှင့်     ရင်ဆိုင်နေရကြောင်း၊ ၎င်းတို့ကို ပိုပြီးအင်အားကောင်း သော အခွင့်အလမ်းသစ်များအဖြစ် ပြောင်းလဲရမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ 
ဂျပန်အစိုးရသည်    အလုပ် သမားများကို မွမ်းမံလေ့ကျင့်ပေး ရန်၊ လုပ်ငန်းစတင်ခြင်းများတွင် အကူအညီပေးရန်၊  ဒေသစီးပွား ရေးလုပ်ငန်းများတိုးတက်ကြီးထွား စေရန် ထောက်ပံ့မှုများလုပ်ဆောင် သွားမည်ဖြစ်သည်။ 


ထို့အပြင် အစိုးရသည် ကာဗွန် ဓာတ်ကို ဖယ်ရှားသည့် နည်းပညာ အသုံးပြုနေသည့် စက်မှုလုပ်ငန်း သစ်များကိုလည်း ပျိုးထောင်ပေး သွားမည်ဖြစ်ကြောင်း ကီရှီဒါက ပြောသည်။


ကီရှီဒါသည် ဈေးနှုန်းမြင့်တက် မှုထက် ကျော်လွန်သော လုပ်အားခ များ    တိုးမြှင့်ပေးသွားရန်လည်း ကတိပြုခဲ့သည်။ 
နိုင်ငံရေးမူဝါဒများနှင့်  လုံခြုံ ရေးမူဝါဒများနှင့်  ပတ်သက်ပြီး ကီရှီဒါက     အခြားနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးကိုပျိုးထောင် သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  ထို့အပြင်  တရားဥပဒေ စည်းမျဉ်းများကို  အခြေပြုသည့် လွတ်လပ်ပွင့်လင်းသော ကမ္ဘာလုံး ဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်ပေါ် စေရန်   ဂျီ-၇ ကဲ့သို့   မျိုးစုံသော ဖွဲ့စည်းပုံများကို အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ကမ္ဘာတစ်ဝန်းလုံးရှိ  နိုင်ငံများ က အလျင်အမြန်  ဖွံ့ဖြိုးတိုးတက် လာသော  အင်ဒို-ပစိဖိတ်ဒေသ အတွင်း အဓိကကျသည့်  ထောက် တိုင် အစိတ်အပိုင်းတစ်ခုအနေဖြင့် ဂျပန်နိုင်ငံကို    အဓိကအခန်းမှ ပါဝင်စေချင်ကြောင်း    ကီရှီဒါက ပြောကြားခဲ့သည်။  နိုင်ငံတကာ မျက်နှာစာတွင်     ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍကို မြင့်တက်စေရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း  ၎င်းက  ပြော ကြားခဲ့သည်။    

အင်န်အိတ်ချ်ကေ