
တိုကျို ဧပြီ ၂၉
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါးသည် ယခုသီတင်းပတ်တွင် အာဖရိက ခရီးစဉ် စတင်မည်ဖြစ်ကြောင်းနှင့် ခုနစ်ရက်ကြာ ခရီးစဉ်အတွင်းအီဂျစ်၊ ဂါနာ၊ ကင်ညာနှင့် မိုဇမ်ဘစ်နိုင်ငံများသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။
၎င်းက လာမည့်လတွင် ဟီရိုရှီးမား၌ ပြုလုပ်မည့် ဂျီ - ၇ ထိပ်သီး အစည်းအဝေးအတွက် အရှိန်မြှင့်တင်ရန် ဂျပန်နိုင်ငံ၏ ကြိုးပမ်း အားထုတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အဆိုပါခရီးစဉ်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် တာဝန်ထမ်းဆောင်ပြီးနောက် အာဖရိက သို့ ဝန်ကြီးချုပ် ကီရှီဒါး၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။
အီဂျစ်၊ ဂါနာ၊ ကင်ညာနှင့် မိုဇမ်ဘစ်နိုင်ငံတို့သည် ကမ္ဘာ့တောင် ခြမ်းဟု လူသိများသော ဩဇာလွှမ်းမိုးမှုရှိသော နိုင်ငံများ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။ ကီရှီဒါးသည် အထူးသဖြင့် စားနပ်ရိက္ခာနှင့် စွမ်းအင် ကဲ့သို့သော နယ်ပယ်ကဏ္ဍများတွင် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများနှင့် ဂျပန်နိုင်ငံ၏ ဆက်ဆံရေးကို အလေးပေးဆောင်ရွက်သွားရန် ဆန္ဒ ရှိကြောင်း ပြောသည်။
၎င်းသည် အာဖရိကခရီးစဉ် ပြီးဆုံးပါက ဂျပန်နိုင်ငံသို့မပြန်မီ စင်ကာပူနိုင်ငံသို့ ဆက်လက်ထွက်ခွာဦးမည်ဖြစ်ကြောင်း သိရသည်။ ဧပြီ ၂၉ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိ ယိုရှီမာဆာသည် ပီရူးနှင့် ချီလီနိုင်ငံတို့အပါအဝင် လက်တင်အမေရိကသို့ ထွက်ခွာသွား ကြောင်း သိရသည်။ အဆိုပါဝန်ကြီးသည် ထိုခရီးစဉ်အတွင်း တွင်းထွက် သယံဇာတကဲ့သို့ နယ်ပယ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနည်းလမ်းများကို ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ