
တိုကျို ဇူလိုင် ၃
ဂျပန်နိုင်ငံကမ်းရိုးတန်းမြို့တွင် ရွှံ့နွံများပြိုဆင်းမှု ဖြစ်ပေါ်ပြီးနောက် လူ ၂၀ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းတို့ လုံခြုံ စိတ်ချရခြင်း ရှိ မရှိကို အတည်ပြုနိုင်ရေး အတွက် ကြိုးပမ်းလျက်ရှိသည်ဟု ရှီဇူအိုကာခရိုင်မှ အာဏာပိုင်များက ပြောသည်။
ဂျပန်နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းတွင် မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် အတာမီမြို့တွင် သဘာဝဘေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ရွှံ့နွံများပြိုဆင်းမှုမှာ ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီခွဲတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု အီဇူဆန် ဧရိယာတစ်ဝိုက်တွင် နေထိုင်သည့်ဒေသခံတစ်ဦး၏ သတင်းပို့မှုကို အခြေခံကာ မီးသတ်ဌာနအရာရှိများက ပြောသည်။ ယင်းဖြစ်ရပ်ကြောင့် နေအိမ်ပေါင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ၎င်းတို့က ပြောသည်။ ပျောက်ဆုံး နေသည့်လူများကို မီးသတ်ဌာနနှင့် ရဲများက ဆက်လက်ရှာဖွေဆဲဖြစ်သည်။
အခင်းဖြစ်ပွားသည့်အခါ ကုန်းမြင့်သို့ ထွက် ပြေးခဲ့သည့်အတွက် လွတ်မြောက်ခဲ့သည်ဟု လက်တွေ့ကြုံတွေ့ခဲ့ရသူတစ်ဦးက အင်န်အိတ်ချ်ကေ သို့ ပြောသည်။
ရှီဇူအိုကာနှင့် ကာနာဂါဝါ ခရိုင်တို့မှ အဆိုးဆုံး ပင်ဖြစ်သည်ဟု သိရသည်။ အနိမ့်ပိုင်းနေရာများတွင် ရေကြီးမှုများနှင့် နောက်ထပ်မြေပြိုမှုများ ဖြစ်ပေါ် လာနိုင်သေးသည်ဟုလည်း သတိပေးထားသည်။
အင်န်အိတ်ချ်ကေ