
တိုကျို ဇန်နဝါရီ ၁၇
အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေချိန် တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးက ဂျပန်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ထိရောက်စွာကိုင်တွယ်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်က ပြောကြား လိုက်သည်။
ဗိုင်းရပ်စ်သည် ထင်ထားတာထက် ပိုပြီး အထင်ကြီးစရာကောင်းကြောင်းနှင့် ပြည်သူ လူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန် ၎င်းက တိုက်တွန်းပြောကြားထားသည်။
ထို့အပြင် ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေးများ အများအပြားထိုးနှံခြင်းနှင့် ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေး များ ထိုးနှံခြင်းဖြင့် ဗိုင်းရပ်စ်ကို တိုက်ထုတ် နှိမ်နင်းသွားရန် ကတိပေးထားသည်။
ရောဂါပြင်းထန်သူများအတွက် ဆေးဘက် ဆိုင်ရာ ကူညီထောက်ပံ့မှုများကို လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားထားသည်။
ဆင်ဟွာ