
နေပြည်တော် မေ ၆
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် Japan Myanmar Association (JMA) ဥက္ကဋ္ဌ Mr. Watanabe Hideo နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး Japan Myanmar Association မှ Secretary General Mr. Watanabe Yusuke ၊ Head of Indo-Pacific Economic- Development ၏ Councillor Ando Haruhiko နှင့် Japan Myanmar Association မှ Secretary to Chairman ဦးသက်စိန်တို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဂျပန် နိုင်ငံသို့ G to G စနစ်ဖြင့် ဂျပန်နိုင်ငံရှိ တရားရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာချောင်ချိရေးဝန်ကြီးဌာန တို့နှင့် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတို့ အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC)ရေးထိုး၍ သင်တန်းသားအလုပ်သမား ပို့ဆောင် လျက်ရှိသည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာအလုပ်သင် အလုပ်သမားများနှင့် ကျွမ်းကျင်လုပ်သားများ ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရာတွင် ဂျပန် ဘက်မှ လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးနိုင်ရေး နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး Japan Myanmar Association မှ ဂျပန်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ သင်တန်းသား အလုပ်သမားများ ပိုမိုခေါ်ယူလိုမှု၊ သင်တန်းသား အလုပ်သမား ပိုမိုပို့ဆောင်နိုင်ရန် ဂျပန်-မြန်မာအသင်းအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ် သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေနှင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်း စဉ်များတွင် Japan Myanmar Association (JMA) မှ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့သည်။
သတင်းစဉ်