
တိုကျို ဇန်နဝါရီ ၁၈
ဂျပန်နိုင်ငံ၌ ဇန်နဝါရီ ၁၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂၁၉၇ ဦးဖြင့် နေ့စဉ်ကူးစက်မှုစံချိန်တင်ဖြစ်ပွားခဲ့ပြီး ယခင်စံချိန်တင်ခဲ့သည်မှာ ပြီးခဲ့သည့် နှစ် ဩဂုတ်လအတွင်းက တစ်ရက် ကူးစက်ခံရသူ ၂၅၉၉၂ ဦး ရှိခဲ့ကြောင်း သိရသည်။
တိုကျိုမြို့တော်အစိုးရ၏ ပြောကြား ချက်အရ တိုကျိုမြို့၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၁၈၅ ဦးထပ်မံ တွေ့ရှိခြင်းကြောင့် ၂၀၂၁ ခုနှစ် ဩဂုတ် ၂၁ ရက်နောက်ပိုင်း နေ့စဉ်ကူးစက်မှု ၅၀၀၀ ကျော်အထိ ပထမဆုံးမြင့်တက် လာခဲ့ခြင်းဖြစ်သည်။
ငါးဆအထိ မြင့်တက်လာ
ယင်းအရေအတွက်သည် ဇန်နဝါရီ ၁၁ ရက်က ၉၆၂ ဦးရှိခြင်းကြောင့် ငါးဆ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ယနေ့တွင် မြို့တော် တိုကျို၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိကြောင်း မြို့တော်အစိုးရက သတင်းထုတ်ပြန်သည်။
ယနေ့တွင် အိုဆာကာခရိုင်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၃၉၆ ဦး ထပ်မံတွေ့ရှိပြီး စံချိန်တင်ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုသီတင်းပတ်အစောပိုင်းတွင် တိုကျိုနှင့် အခြားသောခရိုင် ၁၂ ခုတို့၏ မြို့တော်ဝန် များက အရေးပေါ်အခြေအနေကြေညာရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ယင်း ခရိုင် ၁၂ ခုတွင် ဆိုင်းတမ၊ ချီဘာ၊ ကာနာ ဂါဝါနှင့် အေချီတို့လည်း ပါဝင်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်