ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးပေးရန် ပြင်ဆင်

 

တိုကျို   စက်တင်ဘာ  ၁၇


ဂျပန်နိုင်ငံ၌ လွန်ခဲ့သည့် ရှစ်လ က ကိုဗစ်-၁၉   ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးထားပြီးသူများ ကို          နောက်ထပ်တစ်ကြိမ် ကာကွယ်ဆေးထိုးပေးရန် ဆုံးဖြတ် ခဲ့သည်ဟု     ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။


တတိယအကြိမ်   ကာကွယ် ဆေးထိုးပေးရာတွင်   မော်ဒါနာနှင့် အက်စ်ထရာဇနီကာ ကာကွယ် ဆေးတို့ကို အသုံးပြုသွားမည်ဟု သိရသည်။ ကျန်းမာရေးဝန်ကြီး ဌာနသည်  အဆိုပါဆုံးဖြတ်ချက် နှင့်ပတ်သက်၍  စက်တင်ဘာ ၁၇ ရက်တွင်  ဆက်လက်ဆွေးနွေးသွား မည်ဖြစ်သည်။ 
အချိန်ကြာလာသည်နှင့်အမျှ ကာကွယ်ဆေး၏   စွမ်းဆောင် ရည်မှာ ကျဆင်းလာသည်ကို နိုင်ငံ အတွင်းနှင့်    နိုင်ငံပြင်ပတွင်ပါ တွေ့ရှိလာရသည်ဟု   ဝန်ကြီး ဌာနက ပြောသည်။ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ယခုနှစ်ကုန်ပိုင်းမတိုင်မီ အချိန် အထိ တတိယအကြိမ်  ကာကွယ် ဆေးထိုးပေးခြင်းများ မပြုလုပ်ရန် နိုင်ငံများကို တောင်းဆိုထားသည်။ 
ထိုမှသာလျှင်   ဖွံ့ဖြိုးဆဲနိုင်ငံ များ    ကာကွယ်ဆေးရရှိမည် ဖြစ်သည်။  အစ္စရေးနှင့်   ပြင်သစ် နိုင်ငံတို့အပါအဝင် နိုင်ငံများတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးတတိယ အကြိမ်  ထိုးနှံပေးမှုကို  စတင်နေ ပြီဖြစ်သည်။ 
အမေရိကန်ပြည်ထောင်စု သည်လည်း          ယခုလအတွင်း ကိုဗစ်- ၁၉   ကာကွယ်ဆေးတတိယ အကြိမ် ထိုးနှံပေးမှုကို စတင်ရန် စီစဉ်ထားသည်။ 

အင်န်အိတ်ချ်ကေ