ဂျပန်နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်

တိုကျို  အောက်တိုဘာ  ၄


ဂျပန်နိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူထားပြီး ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရ သည်။
အဆိုပါ   ကိုဗစ်-၁၉    ရောဂါကာကွယ်ဆေး ထိုးနှံပြီးသည့်  အချက်အလက်များကို  ဂျပန်နိုင်ငံ အစိုးရက ယနေ့တွင်  ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဂျပန်နိုင်ငံ၌ နိုင်ငံလူဦးရေစုစုပေါင်း၏ ၉၀ ဒသမ ၂ သန်းကျော်  သို့မဟုတ် ၇၁ ဒသမ ၃ ရာခိုင်နှုန်းသည်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် နိုင်ငံလူဦးရေ၏ ၇၇ ဒသမ ၁ သန်းကျော် သို့မဟုတ်  ၆၀ ဒသမ ၉ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။


ဂျပန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် အသက်   ၁၂  နှစ်အောက် ကလေးငယ်များလည်း ပါဝင်ကြောင်းနှင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအနည်းဆုံးထိုးနှံ ပြီးသူ စုစုပေါင်း  ၁၆၇ ဒသမ ၄ သန်းကျော်ရှိကြောင်း သိရသည်။ 


ဂျပန်နိုင်ငံ၌    အသက်အရွယ်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူအရေအတွက်သည်  အသက်  ၆၅  နှစ်အထက် တွင် ၈၉ ဒသမ ၄ ရာခိုင်နှုန်း၊  အသက် ၄၀ အရွယ်တွင် ၅၄ ဒသမ ၁ ရာခိုင်နှုန်း၊ အသက် ၂၀ အရွယ်တွင် ၃၉ ဒသမ ၄ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်နှင့် ၁၉ နှစ်အကြား အသက်အရွယ်ရှိသူများတွင် ၂၆ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။ 


ဂျပန်နိုင်ငံအစိုးရသည် အောက်တိုဘာလအတွင်း သို့မဟုတ်  နိုဝင်ဘာလအစောပိုင်းတွင်  နိုင်ငံသား အားလုံးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးပြီးဖြစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


ကိုးကား - အင်န်အိတ်ချ်ကေ
 ဘာသာပြန် - အလင်းသစ်