
တိုကျို ဩဂုတ် ၂၆
ဂျပန်နိုင်ငံသားများ၏ အသက်ပေါင်း များစွာကို ကယ်တင်နိုင်ရေးအတွက် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကို ပထမဦးစားပေးအဖြစ် မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆူဂါက ယမန်နေ့၌ ပြောကြားသည်။
လက်ရှိအချိန်၌ ဂျပန်နိုင်ငံအတွင်း ရှိ ကျန်းမာရေးစင်တာများ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အများ အပြားအား စံချိန်တင်ကုသမှုပေးနေရ သောကြောင့် ဝန်နှင့်အား မမျှသော အခြေအနေသို့ ရောက်ရှိနေကြောင်း ဂျပန် အစိုးရ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်း အဝေးတွင် ၎င်းက ပြောကြားသည်။ ကိုဗစ်- ၁၉ ရောဂါမှ ပြန်လည်သက်သာ လာသူများအား မိမိတို့နေအိမ်တွင်သာ နေထိုင်စေပြီး ၎င်းတို့အား ကုသပေးခဲ့ သော သက်ဆိုင်ရာ ဆရာဝန်များမှ တယ်လီဖုန်းဖြင့် (သို့မဟုတ်) နေအိမ် သို့ သွားရောက်ကုသပေးခြင်းစနစ်ကို အစိုးရက ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆူဂါက ပြောကြားသည်။ ထို့ပြင် ဆေးရုံမဟုတ်သော ပြင်ပရှိနေရာ များတွင် ယာယီဆေးကုသနိုင်ရေး အတွက် အောက်ဆီဂျင် အထောက်အကူ ပြုကိရိယာများ တပ်ဆင်ထားရှိရန်လည်း ၎င်းက အကြံပြုခဲ့သည်။
ဂျပန်နိုင်ငံအတွင်း လက်ရှိအသုံး ပြုနေသော ကိုဗစ်-၁၉ ရောဂါကုထုံး ဖြစ်သည့် လူနာ၏ သွေးကြောထဲသို့ ရောဂါခုခံစွမ်းအား မြင့်တက်စေသော ဆေးနှစ်မျိုးသွင်းပြီးကုသသော နည်းစနစ် မှာလည်း ရောဂါပြင်းထန်စွာခံစားနေရ သော ကိုဗစ်-၁၉ လူနာများအား ကုသမှု ပေးရာတွင် အောင်မြင်မှုများရရှိနေ ကြောင်း ၎င်းက ပြောကြားသည်။ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရေးအတွက် နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များ၏ ဖွင့်လှစ်သောအချိန်ကို လျှော့ချသတ်မှတ် မည်ဖြစ်ပြီး စတိုးဆိုင်များနှင့် စက်မှု လုပ်ငန်းများအတွက် ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအစီအမံ များကို ပြန်လည်သုံးသပ်သွားမည်ဖြစ် သည်။ ထို့ပြင်လာမည့်စာသင်နှစ်အတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေး ကိရိယာ အခု ၈၀၀၀၀၀ ကို မူလတန်းကြို၊ မူလတန်းနှင့် အလယ်တန်းကျောင်းများ အား ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ဆရာ ဆရာများနှင့် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင် ရေး စီစဉ်ဆောင်ရွက်သွားမည်ဟု သိရ သည်။ နိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုမြင့်မား နေသော ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူ များ၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ် ကြောင်း ဆူဂါက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ