ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူရှူးဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ခြောက်ဦးအထိရှိလာ

တိုကျို    ဇူလိုင်   ၁၁ 


ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူရှူးဒေသ၌    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၁၁ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ အထိ    ခြောက်ဦးသေဆုံးခဲ့ပြီး သုံးဦးမှာ စာရင်းပျောက်လျက်ရှိ ကြောင်း သိရသည်။ 


ဖူကူအိုကာခရိုင်၌     ငါးဦး သေဆုံးခဲ့ကြောင်း သတင်းဖော်ပြ ခဲ့သည်။ ဇူလိုင် ၁၀ ရက် နံနက်ပိုင်း တွင် ကူရူမီမြို့တော် တာနူရှီမာရူ မြို့နယ်၌ အိမ်ပေါင်းများစွာ ရွှံ့နွံ များဖုံးအုပ်သွားခဲ့သည်။ အဆိုပါ နေရာတွင် လူ ၁၀ ဦးကို တွေ့ရှိခဲ့ပြီး အသက် ၇၀ ဝန်းကျင် အမျိုးသား တစ်ဦးမှာ     သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ 


ဟီရိုကာဝါမြို့  ဆည်မြောင်း တူးမြောင်းအဆုံး၌ တွေ့ရသော ကုန်တင်ကားထဲရှိ   အသက် ၇၀ ဝန်းကျင် အမျိုးသားတစ်ဦးကို ဆေးရုံ သို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင်  သေဆုံးကြောင်း ကြေညာခဲ့သည်။


ကူရူမီမြို့တော်    အာရာကီ မြို့နယ် စပါးကွင်းထဲ၌   ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်းက အသက် ၄၀ ကျော် ၅၀ ဝန်းကျင် အမျိုးသား တစ်ဦးသေဆုံးလျက်တွေ့ရှိခဲ့သည်။ ၎င်းမှာ ရေထဲသို့မျောပါသွားသော ကားအတွင်းမှ   လွတ်မြောက်ဖို့ ကြိုးစားရင်း   သေဆုံးခဲ့ခြင်းဖြစ် သည်။ 


ဒါဇာအီဖူ     ဒေသ၌လည်း အသက် ၅၀ ကျော်အမျိုးသား တစ်ဦးကို   ရေဖုံးလွှမ်းနေသော မြေအောက်လမ်းကူး    တစ်ခု၌ သေဆုံးလျက်   တွေ့ရှိခဲ့သည်။ အဆိုပါဒေသကို    ရေအနက် ၃ ဒသမ ၆ မီတာအထိရှိသော ရေများ ဖုံးလွှမ်းသွားခဲ့သည်။ 
ဆာဂါခရိုင်၌လည်း   မြေပြို မှုကြောင့်   အိမ်နှစ်လုံး   ရွှံ့များ ဖုံးလွှမ်းခဲ့သည်။ အဆိုပါအပျက် အစီးများကြားတွင်   အမျိုးသမီး တစ်ဦးကို  ကြီးကြီးမားမားဒဏ်ရာ ရရှိခြင်းမရှိဘဲ       တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင်   သေဆုံးသွားခဲ့ ကြောင်း     ကြေညာခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ၊   မီးသတ်သမား များနှင့်     ကိုယ်ပိုင်ကာကွယ်ရေး    တပ်ဖွဲ့ဝင်များသည်     ပျောက်ဆုံး နေသူ နှစ်ဦးကို ဆက်လက်ရှာဖွေ လျက်ရှိသည်။

အင်န်အိတ်ချ်ကေ