
တိုကျို မေ ၅
ဂျပန်နိုင်ငံ ဆူဇူမြို့တော်၌ ငလျင်လှုပ်မှု ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦးသေဆုံးကြောင်း အာဏာပိုင်များက ပြောကြား သည်။ အဆိုပါ အမျိုးသားမှာ လှေကားမှ ပြုတ်ကျခြင်းဖြစ် ကြောင်း သိရသည်။
လာမည့်သီတင်းပတ်အတွင်း ဒေသအတွင်း အခြားအင်အားပြင်း သည့် ငလျင်လည်း လှုပ်နိုင် ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီ က သတိပေးထားသည်။ လာမည့် နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း ပြင်းအား ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်နိုင်သဖြင့် သတိဖြင့် နေထိုင် ကြရန် အေဂျင်စီ၏ ရှီမိုရာမ တိုရှီဟီရိုက ပြောကြားသည်။
မေ ၅ ရက်တွင် ဒေသ စံတော်ချိန် ညနေ ၂ နာရီ ၄၂ မိနစ် ဝန်းကျင်က ပြင်းအား ၆ အဆင့်ရှိ ငလျင်လှုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်မှာ နိုတိုဒေသ အတွင်း အနက် ၁၂ ကီလို မီတာကို ဗဟိုပြုခဲ့ကြောင်း မိုးလေဝသ အေဂျင်စီက ပြောကြားသည်။
ငလျင်လှုပ်မှုကြောင့် ဆူဇူမြို့ ၌ ဘုရားကျောင်း တစ်ခုနှင့် အဆောက်အအုံ အများအပြား ပြိုကျခဲ့ကြောင်း ဆူဇူမြို့ရဲတပ်ဖွဲ့ က ပြောကြားသည်။
ထပ်မံ၍ ဂျပန်ပင်လယ် ကမ်းရိုးတန်းပေါ်ရှိ အီရှီခါဝါ စီရင်စုတွင် မေ ၅ ရက် ည ၉ နာရီ ၅၈ မိနစ်ဝန်းကျင်တွင်လည်း ဒုတိယမြောက် အင်အားပြင်းသည့် ငလျင်လှုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်မှာ ပြင်းအား ၅ ဒသမ ၈ ရှိသည်ဟု ခန့်မှန်းထားပြီး နိုတို ဒေသကို ဗဟိုပြုလှုပ်ခတ်ကာ အနက် ၁၀ ကီလိုမီတာရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ