ဂျပန်၌ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များက အပိုဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေး

 

 

တိုကျို   ဇန်နဝါရီ   ၃၁ 
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က တိုကျိုရှိ လူအများအပြားဆံ့သည့် အဆောက်အအုံကြီးတွင် အပို ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို စတင်ထိုးပေးခဲ့သည်။ 
အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးချင် သူများကို တတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးပေးနိုင်ရန် ဇန်နဝါရီ ၃၁ ရက်နံနက်က တိုကျိုရှိ အိုတီမာချီပြည်နယ်ရှိ အစိုးရအဆောက်အအုံကြီး ကို ကာကွယ်ဆေးထိုးနေရာအဖြစ် ဖွင့်လှစ်ခဲ့သည်။
ဆေးဆရာဝန်များဖြစ်သည့်     ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့အရာရှိများက လိုအပ်သည်များ ကို  မေးမြန်းပြောကြားပြီးနောက်  ကာကွယ်ဆေး ထိုးမည့်သူများသည် ကာကွယ်ဆေးထိုးမည့်နေရာသို့ ဝင်ရောက်လာခဲ့ကြသည်။ 
အသက် ၁၈ နှစ်အထက်     ပြည်သူများသည် မော်ဒါးနား  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခံယူနိုင် သည်။ တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ရန် လက်မှတ်လိုအပ်ပြီး ဒုတိယအကြိမ် ကာကွယ် ဆေးထိုးပြီး ခြောက်လကြာပြီးမှသာ ဆေးထိုးမှု ခံယူ နိုင်သည်။ 
ဂျပန်ကိုယ်ပိုင်    ကာကွယ်ရေးတပ်ဖွဲ့များသည် လာမည့်တနင်္လာနေ့တွင်   အိုဆာကာ၌   တတိယ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို စတင်ထိုးနှံ ပေးတော့မည်ဖြစ်သည်။ တစ်နေ့ကို  ပြည်သူ ၉၆၀ ထိုးပေးရန်  စီစဉ်ထားသည်။  ကြိုတင်စာရင်းသွင်းမှု များကို ဖေဖော်ဝါရီ ၄ ရက်တွင် ပြုလုပ်နိုင်ကြောင်း သိရသည်။ 
အင်န်အိတ်ချ်ကေ