ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား ၁၁၀၀ ကျော် ခေါ်ယူမည်ဟုဆို

 

ရန်ကုန်  မေ  ၁


ဂျပန်ကုမ္ပဏီ   ၄၀၀  ကျော်က မြန်မာအလုပ်သမားဦးရေ ၁၁၀၀ ကျော်    ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏  ဧပြီ ၃၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ  ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ   ၃၀၀   ကျော်က မြန်မာအလုပ်သမား အမျိုးသား ၃၈၀ ကျော်၊ အမျိုးသမီး ၈၁၀ ကျော်   စုစုပေါင်းဦးရေ    ၁၁၀၀ ကျော်    ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေ ဖြင့်   အလုပ်သမားဝန်ကြီးဌာန က   နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာသည့် အလုပ် ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက် ရှိပြီး ထိုသို့စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ် ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန် နိုင်ငံတွင် တရားဝင်တည်ထောင် ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ   စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊   သဘော ထားမှတ်ချက်များကို နိုင်ငံခြား ရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ် သမားဝန်ကြီးဌာနသို့  ပြန်လည် ပေးပို့လျက်ရှိကြောင်းလည်း သိရ သည်။
မြန်မာသံရုံး၊  တိုကျိုမြို့အနေ ဖြင့်   Demand Letter   များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မတ် ၁၉ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့  ပေးပို့ ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်း စာ ၄၀၈ ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေး ထုတ်ပြန်အပ်ကြောင်း ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ဧပြီ ၃၀ ရက်တွင် အသိပေးထားသည်။
ပြီးခဲ့သည့် ဧပြီ ၁၂   ရက်က မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန် ကုမ္ပဏီများထံမှ    ပြန်ကြားစာ လက်ခံရရှိသည့်  ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မတ် ၅ ရက်အထိ လက်ခံရရှိ၍  စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့  ပေးပို့ ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်း စာ ၄၀၃  ခုနှင့်  ပတ်သက်သည့် အချက်အလက်များကို  အသိပေး ထုတ်ပြန်ချက်အရ  ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား ၃၃၀ ကျော်၊ အမျိုးသမီး ၉၄၀  ကျော်  စုစုပေါင်းဦးရေ ၁၂၀၀   ကျော်   ခေါ်ယူမည်ဖြစ် ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။                            

MT