ဂျပန်ကထောက်ပံ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး မလေးရှားနှင့် အင်ဒိုနီးရှားသို့ ရောက်ရှိ

 

တိုကျို   ဇူလိုင်   ၃


ဂျပန်နိုင်ငံမှ  ထောက်ပံ့ပေးသည့် ကိုဗစ် - ၁၉      ကာကွယ်ဆေး တစ်သန်းကို  မလေးရှားနိုင်ငံက ရယူပြီးဖြစ်ကြောင်း    သိရသည်။ ကွာလာလမ်ပူမြို့အနီးရှိ လေဆိပ် သို့ ဇူလိုင် ၁ ရက်တွင် အက်စ်ထရာ ဇနီကာကာကွယ်ဆေးများ ပေးပို့ သည့် လေယာဉ်   ဆိုက်ရောက်ခဲ့ သည်။ 
အဆိုပါ ကာကွယ်ဆေးများကို  တတ်နိုင်သမျှ   မြန်မြန်အသုံးပြု သွားမည်ဟုလည်း   သိပ္ပံ၊   နည်း ပညာနှင့်     ဆန်းသစ်မှုဆိုင်ရာ  ဝန်ကြီး ခါဟရီဂျမာလူဒင်က ပြော သည်။ 


မလေးရှားနိုင်ငံသည် မေလ လယ်မှစတင်ကာ    ကူးစက်မှု မြင့်မားခြင်းနှင့်     ရင်ဆိုင်ခဲ့ရသည်။ စီးပွားရေးဆိုင်ရာ   လှုပ်ရှားမှုများ ကိုလည်း ကန့်သတ်ထားခဲ့ရသည်။ ကာကွယ်ဆေးများ      ရရှိရန်မှာ တိုင်းပြည်အတွက်          လွန်စွာ အရေးကြီးနေသည်။ 


လူဦးရေ    ၁၆   သန်းကျော် တိုင်းပြည်လူဦးရေထက်ဝက်နီးပါး မှာ      ကာကွယ်ဆေးထိုးလိုကြ သည်ဟု   သိရသည်။  ယခုအချိန် အထိ လူပေါင်း ၅ ဒသမ ၇ သန်း ကျော်သာ   ကိုဗစ် - ၁၉   ကာကွယ် ဆေးထိုးနှံရသေးသည်။  


အင်ဒိုနီးရှား     နိုင်ငံမှလည်း ဂျပန်နိုင်ငံက ပေးပို့သည့် ကိုဗစ် -  ၁၉ ကာကွယ်ဆေး တစ်သန်းခန့် ကို လက်ခံရရှိခဲ့သည်ဟု သိရသည်။ 
ဂျပန်နိုင်ငံသည်    ဗီယက်နမ် နိုင်ငံသို့လည်း       ကိုဗစ် - ၁၉ ကာကွယ်ဆေးများ  ပေးပို့ခဲ့ပြီး ဖိလစ်ပိုင်နှင့်          ထိုင်းနိုင်ငံတို့သို့ လည်း  ကာကွယ်ဆေးများ   ပေးပို့ သွားမည်ဟု သိရသည်။ 


အင်န်အိတ်ချ်ကေ