ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများ၏ အရည်အသွေးများမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂၈


ဟိုတယ်နှင့်     ခရီးသွားလာရေး ဝန်ကြီးဌာနသည် အာဆီယံ-ဂျပန် ဗဟိုဌာန၏   အထောက်အပံ့ဖြင့် National  Activity Project- 2022 ကို   အကောင်အထည်ဖော်သည့် အနေဖြင့် ဂျပန်ခရီးသွားဧည့်သည် များကို ဝန်ဆောင်မှုပေးနေသူများ အတွက် အရည်အသွေးမြှင့်တင် ရေး အသိပညာပေးဆွေးနွေးပွဲကို  အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက် အထိ   နေပြည်တော်   ရွှေစံအိမ် ဟိုတယ်၌             ကျင်းပရာ      အဆိုပါ        ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားသို့     ဟိုတယ်နှင့် ခရီးသွားလာရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်         တက်ရောက် အဖွင့်အမှာစကား    ပြောကြားသည်။

 


ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံတွင်    နိုင်ငံတကာခရီးသွား လုပ်ငန်းများကို        ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်နှင့်   ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ပါဝင်လုပ်ကိုင်နေသော ဝန်ထမ်းများနှင့်        ၎င်းတို့၏ ဝန်ဆောင်မှု   အရည်အသွေးများ ကောင်းမွန်ရေးသည်      အလွန် အရေးကြီးသည့်အတွက် အလေး ထားဆောင်ရွက်လျက်ရှိပါကြောင်း၊  ၂၀၁၉   ခုနှစ်တွင်  ဂျပန်ခရီးသွား ဧည့်သည် သန်း  ၂၀ ခန့် ကမ္ဘာ့နိုင်ငံ များသို့ သွားရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့အနက် အာဆီယံဒေသသို့ ၅  ဒသမ  ၆  သန်း  ရောက်ရှိခဲ့ပါ ကြောင်း၊    ကပ်ရောဂါကာလ အတွင်း ပြည်ပထွက်ခွာဈေးကွက် မှာ ရပ်တန့်နေခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ခရီးသွား လာရေးဆိုင်ရာ   ကန့်သတ်ချက် များ ဖြေလျှော့ပေးခဲ့သည့်အတွက် ယခုနှစ်အတွင်း လစဉ် ဂျပန်ပြည်ပ ထွက်ခွာ  ခရီးသွားဧည့်သည်များ တဖြည်းဖြည်း   တိုးလာသည်ကို သိရှိရပါကြောင်း၊    မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဂျပန် ခရီးသွားဧည့်သည်  ၀ ဒသမ ၁၂၅  သန်း   လက်ခံရရှိခဲ့ပြီး  ဂျပန်ခရီး သွားဧည့်သည်များသည်   မြန်မာ နိုင်ငံ၏        အဓိကစျေးကွက် များအနက်     တစ်ခုအပါအဝင်  ဖြစ်ပါကြောင်း။

 


သို့ဖြစ်ပါ၍   ယနေ့ဆွေးနွေး ပွဲသို့     ပါဝင်တက်ရောက်လျက် ရှိသည့်      ဟိုတယ်နှင့်     ခရီးသွား လုပ်ငန်းဆိုင်ရာ        အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ   ကိုယ်စားလှယ် များအနေဖြင့်      ဆွေးနွေးပွဲ ရည်မှန်းချက်များ     ပြည့်မီစေရေး အလေးထား လေ့လာဆွေးနွေးကြ ရန်    တိုက်တွန်းလိုပါကြောင်း၊ ယခုကဲ့သို့   ဆောင်ရွက်ရာတွင် နေပြည်တော်တွင်သာမက အခြား ခရီးစဉ်ဒေသများဖြစ်သည့်   ပုဂံ   နှင့်   အင်းလေးဒေသများတွင်ပါ ဆက်လက်     ကျင်းပသွားမည် ဖြစ်ပါကြောင်း၊          ထို့ပြင် အာဆီယံ  -   ဂျပန်    ပူးပေါင်း ဆောင်ရွက်ရေး    နှစ်(၅၀)ပြည့် အခမ်းအနားအပါအဝင် အနာဂတ် ကာလတွင်   ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းစဉ် များကို အာဆီယံ - ဂျပန် ဗဟို ဌာနနှင့်    ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 


ဆက်လက်၍    အာဆီယံ -  ဂျပန် ဗဟိုဌာန အတွင်းရေးမှူးချုပ် H.E. Dr. Kunihiko Hirabayashi က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံနှင့် အာဆီယံ- ဂျပန် ဗဟိုဌာနမှ   တာဝန်ရှိသူများနှင့် ဂျပန်         ခရီးသွားလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာ   ဘာသာရပ်များ အလိုက်       ဆက်လက်ဆွေးနွေး ကြသည်။ 

 


ဖွင့်ပွဲအခမ်းအနားသို့   ဂျပန် နိုင်ငံဆိုင်ရာ      မြန်မာသံရုံးမှ သံအမတ်ကြီး ဦးစိုးဟန်၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ မန္တလာ တက္ကသိုလ်နှင့်     အမျိုးသားစီမံ ခန့်ခွဲမှုဒီဂရီကောလိပ်မှ   ဆရာ ဆရာမများ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ   ကိုယ်စား လှယ်များ      တက်ရောက်ကြ သည်။ 

သတင်းစဉ်