ဂန့်ဂေါ၌ မိုးနောက်ကျသဖြင့် မိုးစပါးကို နောက်ကျစိုက်ပျိုးကြရ

 

ဂန့်ဂေါ  သြဂုတ်  ၁၅


ယခုနှစ် ဂန့်ဂေါမြို့နယ်၌    မိုးဦးနောက်ကျသဖြင့်   လယ်မြေများတွင် မိုးစပါးကို နောက်ကျ စိုက်ပျိုးကြ ရကြောင်း သိရသည်။
“မိုးက ဇွန်လမှာ တစ်ရက်၊  နှစ်ရက်လောက်ပဲ နည်းနည်းရွာတယ်။  အစိုဓာတ်မရတော့  ဘာမှ လုပ်မရဘူး။ ဇူလိုင်လက  မိုးကကောင်းကောင်းရွာ တော့ အဲဒီအချိန်မှ လယ်စလုပ်ကြရတယ်။ ခုတော့ လယ်တွေစိုက်ပြီးကြပါပြီ”ဟု    ဂန့်ဂေါမြို့နယ် ပုံတောင်၊ ပုံညာတောင်ဒေသ ကျောမြို့မှ တောင်သူ တစ်ဦးက ပြောသည်။

 


ဂန့်ဂေါမြို့နယ်အတွင်း ယခင်နှစ်   မိုးရာသီက   စပါး ၃၇၃၀၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ၃၇၃၀၉  ဧကကို   ဩဂုတ်လ  ဒုတိယပတ်အတွင်း စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

မောင်ဆွေကျော်