ဂွမြို့နယ် တောင်ပတ်လည်ကျေးရွာ၌ ကျေးလက်အိမ်ရာငါးလုံး တည်ဆောက်ပေးလျက်ရှိ

 

ဂွ  ဇန်နဝါရီ  ၁၄


ရခိုင်ပြည်နယ် ဂွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ နေထိုင်ရေး အဆင်ပြေ စေရန်အတွက်  နိုင်ငံတော်မှ   နှစ်စဉ်ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ ကျေးလက်အိမ်ရာများကို တည်ဆောက်ပေးလျက်ရှိသည်။

 


တောင်ပတ်လည်ကျေးရွာ၌လည်း  ကျေးလက်အိမ်ရာ   ငါးလုံးကို ဌာနမှ ခွင့်ပြုငွေကျပ် ၆၁ ဒသမ ၃၃၈ သန်းဖြင့် မင်းဗာကြီးကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုကို သံတွဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဦးထွန်းမြင့်နိုင်နှင့် တာဝန်ရှိသူများက ဇန်နဝါရီ ဒုတိယ ပတ်အတွင်း ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်ကာလအတွင်း လုပ်ငန်း များပြီးစီးရေးနှင့် အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန် မှာကြား ခဲ့သည်။


အောင်လှဖြူ