ဂါဇာငြိမ်းချမ်းရေးရရှိရေး တိုက်ခိုက်မှုများရပ်ဆိုင်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တောင်းဆို

 

ဂါဇာ  နိုဝင်ဘာ  ၁၆ 


ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဂါဇာကမ်းမြောင် ဒေသတိုက်ခိုက်မှုများကို  အရေးပေါ်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာများအတွက် ခဏတာရပ်ဆိုင်း ရန်အတွက်   တောင်းဆိုခဲ့သည်။ အစ္စရေး-ဟားမားစ် ပဋိပက္ခနိဂုံးချုပ်ရန်  လေးကြိမ်တိုင်တိုင် ကြိုးစားမှု မအောင်မမြင်ဖြစ်ပြီးနောက်   ယခုလို  ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။ 


နိုဝင်ဘာ  ၁၅  ရက်က    ကျင်းပပြုလုပ်သော အရေးပေါ်အစည်းအဝေး၌   မော်လ်တာ   တင်ပြခဲ့ သည့် ဆုံးဖြတ်ချက်မူကြမ်းကို  ကုလသမဂ္ဂလုံခြုံရေး ကောင်စီက မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 


အဆိုပါဆုံးဖြတ်ချက်မူကြမ်းတွင်      ဂါဇာ၌ ဖြစ်ပွားလျက်ရှိသော လူသားချင်းစာနာထောက်ထားမှုအခြေအနေများ    ဆိုးရွားလာခြင်းနှင့်  အထူးသဖြင့် ကလေးများအပေါ် သက်ရောက်လာနိုင်သည့်အပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။ 
ဂျပန်၊    ပြင်သစ်၊   တရုတ်နိုင်ငံများပါဝင်သော အဖွဲ့ဝင် ၁၂ ဦးက ထောက်ခံမဲပေးခဲ့ကြပြီး အမေရိကန် ပြည်ထောင်စု၊  ဗြိတိန်နှင့် ရုရှားနိုင်ငံတို့က ကြားနေ ခဲ့ကြသည်။ 


ကလေးများ၏လူသားချင်းစာနာထောက်ထားမှုအခြေအနေများ   တိုးတက်ရေးကို ဦးတည်သည့် နောက်ဆုံး ဥပဒေကြမ်းက   နိုင်ငံများအကြား  ညှိနှိုင်း ဆောင်ရွက်မှုကို ဖြစ်စေခဲ့သည်။ 


ဂါဇာတွင် ကလေးငယ်ပေါင်း ၄၆၀၀ ကျော် သေဆုံး ခဲ့ပြီးဖြစ်သည်။ ဂျပန်နိုင်ငံ၏ကုလသမဂ္ဂသံအမတ်ကြီး အီရှီကာနီ ကီမီဟီရိုက  ထွက်ပေါ်လာသော ရလဒ်ကို ကြိုဆိုခဲ့ပြီး      ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် နောက်ဆုံးတွင်     ဆောင်ရွက်နိုင်ခဲ့ပြီဟုလည်း ပြောကြားခဲ့သည်။ 


ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အကြမ်းဖက် ဖြစ်ရပ်များပျံ့နှံ့လာခြင်းကို   ကာကွယ်ရန်အတွက် ယခုလိုမျိုးလုပ်ငန်းစဉ်များတွင် ဆက်လက်ပါဝင်သွား မည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန်    ကူညီသွား မည်ဖြစ်သည်။ 


အင်န်အိတ်ချ်ကေ