ဂါဇာကမ်းမြောင်ဒေသမှ လူနာများ ဆေးကုသမှုခံယူရန် တူကီယဲနိုင်ငံသို့ရောက်ရှိ

 

အန်ကာရာ  နိုဝင်ဘာ  ၁၆
ဂါဇာဒေသမှ    လူနာ  ၂၇  ဦးနှင့်   ၎င်းတို့ကို    ပြုစုစောင့်ရှောက်ပေး မည့်သူ ၁၃ ဦးတို့သည်     ရာဖာ နယ်စပ်ဂိတ်ကို    ဖြတ်ကျော်ကာ  အီဂျစ်နိုင်ငံမှတစ်ဆင့်     တူကီယဲ နိုင်ငံသို့   နိုဝင်ဘာ  ၁၆  ရက်တွင်  ရောက်ရှိလာပြီဖြစ်သည်။ 
အဆိုပါ   လူနာ  ၂၇   ဦးမှာ  ဂါဇာမှဖြစ်ပြီး  အများစုမှာ ကုသမှု အရေးပေါ်      လိုအပ်နေသည့် ကင်ဆာရောဂါသည်များ  ဖြစ်ကြ သည်ဟု  တူကီယဲနိုင်ငံ  ကျန်းမာ ရေးဝန်ကြီး ဖာရီတင် ကိုကာ က  အန်ကာရာလေဆိပ်တွင် သတင်း ထောက်များကို ပြောသည်။ 
တူကီယဲနိုင်ငံသည်   ဂါဇာ ဒေသသို့ ဆေးပစ္စည်းများ  အပါ အဝင်  အခြားသောထောက်ပံ့ရေး ပစ္စည်းများ       ပေးပို့ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ 
အဆိုပါ        လူနာများသည် အီဂျစ်မှတစ်ဆင့်   အခြားနိုင်ငံသို့ လာရောက်သည့်   ဂါဇာဒေသမှ ပထမဦးဆုံးလူနာများ    ဖြစ်ကြ သည်ဟု   ၎င်းက  နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။ 
ဂါဇာဒေသတွင်     ပဋိပက္ခ ဖြစ်ပွားမှုကြောင့်   ပါလက်စတိုင်း ၁၁၅၀၀       သေဆုံးခဲ့ရသည်။ အစ္စရေးဘက်မှလည်း   လူပေါင်း  ၁၂၀၀  သေဆုံးခဲ့ရသည်။   ၎င်းတို့ ထဲမှ အများစုမှာ  အောက်တိုဘာ ၇ ရက်  ဟားမားစ်တို့၏ တိုက်ခိုက် မှုကြောင့်  သေဆုံးခဲ့ရခြင်း   ဖြစ် သည်။          
    ဆင်ဟွာ