ဂါဇာအလယ်ပိုင်း၌ အစ္စရေးတို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၀ သေဆုံး၊ ၁၀၀ ထက်မနည်း ဒဏ်ရာရရှိ

ဂါဇာ ဖေဖော်ဝါရီ ၂၃ ဂါဇာကမ်းမြောင်ဒေသ အလယ် ပိုင်းတွင် အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၀ ထက် မနည်းသေဆုံးပြီး အခြား ၁၀၀ ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာ၌ ဟားမားစ်အစိုးရဆိုင်ရာမီဒီယာရုံးက ဖေဖော်ဝါရီ ၂၂ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ဒီရာ အယ်-ဘာလာ့မြို့၌ လူ နေအိမ်အများအပြားကို အစ္စရေး လေယာဉ်များက တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း ပါလက် စတိုင်းလုံခြုံရေး သတင်းရင်းမြစ် များက ပြောကြားသည်။ သေဆုံး သူများ၏ ရုပ်အလောင်းများကို အယ်-အာဆာ မာရိစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဟားမားစ် ကျန်းမာရေးဝန်ကြီးဌာနက ပြော သည်။ အစ္စရေးစီးနင်းတိုက်ခိုက် ပြီးနောက် ယင်းဒေသ၌ ဆိုးဆိုး ရွားရွားပျက်စီးခဲ့ပြီး လူနာတင် ယာဉ်များနှင့် အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့များက အခင်း ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ ကြောင်း လုံခြုံရေးသတင်းရင်းမြစ် များက ဆက်လက်ပြောသည်။ ဆင်ဟွာ