
နေပြည်တော် အောက်တိုဘာ ၆
ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သတင်းတု၊ သတင်းမှားများ စောင့်ကြည့်လေ့လာခြင်းနှင့် သတင်းစီးဆင်းမှုများအပေါ် Data Analysis ပြုလုပ်၍ ရလဒ်များ ခွဲခြမ်းစိတ်ဖြာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ Foundation Course For Public Opinion Mining Analysis (Artificial Intelligence - AI)နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်ဦးမျိုးမြင့် မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အမှုထမ်း၊ အရာ ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့နည်းပညာ ခေတ်တွင် နည်းပညာများ တိုးတက်လာ သည်နှင့်အမျှ AI နည်းပညာသည် ရှေ့တန်းရောက်ရှိနေပြီး နိုင်ငံတကာတွင် လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နေပြီဖြစ်ကြောင်း၊ လူသားတို့အတွက် အကျိုးဖြစ်ထွန်းစေသည့် ကျန်းမာရေး၊ ပညာရေး၊ စက်မှုကဏ္ဍများ၌ လူ့စွမ်းအား နှင့် စက်မှုစွမ်းအားများ လျှော့ချကာ AI နည်းပညာအစားထိုး လုပ်ဆောင်လာ သည်ကို တွေ့မြင်နိုင် ကြောင်း၊ တစ်နည်း အားဖြင့် လူသားများ၏ လုပ်ဆောင်နိုင် စွမ်းအစား AI နည်းပညာ အသုံးပြုပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
ယနေ့ မီဒီယာရေစီးကြောင်းတွင် သတင်းစီးဆင်းမှုအပေါ် AI နည်းပညာ အသုံးချ၍ သတင်းဖန်တီးကာ ပြည်သူမှ ပြည်သူသို့ စီးဆင်းစေခြင်းဖြင့် သတင်း တု၊ သတင်းမှားများ တိုက်ဖျက်ရာတွင် တိကျသော သတင်းအရင်းအမြစ်ကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် နည်းပညာတစ်ခု ဖြစ်ကြောင်း၊ နည်းပညာပိုင်းတွင် AI သည် Automation စနစ်ဖြစ်သောကြောင့် လူသားအရင်းမြစ်ကို ချွေတာရာလည်း ရောက်ကြောင်း။
ယနေ့ Digitalization ခေတ်တွင် အွန်လိုင်းမှ အချက်အလက်ရှာဖွေခြင်း၊ Entertainment များ ကြည့်ရှုခြင်း၊ ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချနိုင် ခြင်းတို့၏ နောက်ကွယ်တွင်လည်း AI နည်းပညာရှိနေပြီဖြစ်ကြောင်း၊ လူသား များတွင် ကာယ၊ ဉာဏ နှစ်မျိုးရှိသည့် အနက် ကာယအလုပ်များကို စက်များဖြင့် အစားထိုး ဆောင်ရွက်နိုင်သကဲ့သို့ ဉာဏ အလုပ်များကို AI နည်းပညာဖြင့် အစား ထိုး ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အိမ်နီး ချင်းနိုင်ငံများတွင် AI နည်းပညာ အသုံးပြု ၍ လမ်းပြအမှတ်အသား၊ မီးပွိုင့်၊ ဆိပ်ကမ်း၊ လေဆိပ်စသည့် Public Area များတွင် အသုံးပြုနေပြီဖြစ်ပြီး ဥရောပ နိုင်ငံများတွင်လည်း AI နည်းပညာအသုံး ပြု၍ လူထုအကျိုးပြု သုတေသနလုပ်ငန်း များကို ကျယ်ပြန့်စွာ အသုံးပြုနေပြီဖြစ် ကြောင်း၊ AIနည်းပညာကို အသုံးပြု၍အချို့ ခက်ခဲသည့် အရာများကို လွယ်ကူစွာကျော် လွှားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
သင်တန်းသားများအနေဖြင့် ပညာ ရှင်များ ဆွေးနွေးပို့ချသည့် ဘာသာရပ် များကို စိတ်ဝင်တစားလေ့လာမှတ်သား၍ ရရှိလာသည့် ဗဟုသုတ အတွေ့အကြုံများ ဖြင့် ဌာနအကျိုး၊ နိုင်ငံအကျိုး၊ ပြည်သူ အကျိုးအတွက် ပြန်လည်အသုံးချနိုင်မည် ဟု မျှော်လင့်ပါကြောင်း ပြောကြား သည်။
ထို့နောက် Myanmar Computer Vision Developer Team မှ ဆရာ ဦးဝေဖြိုးအောင်က သင်တန်းတွင် သင်ကြားမည့် Course နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး AI နည်းပညာ အကြောင်း Video Clip ကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
သင်တန်းသို့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား ခုနစ်ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလ မှာ သုံးလကြာ အွန်လိုင်းသင်တန်းဖြစ် ကြောင်းနှင့် သင်တန်းတွင် Data Science, Python Programming Language, Text Classification and Semantics စသည့် ဘာသာရပ်များကို ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်