
ရန်ကုန် မတ် ၁၇
Fly Alliance အဖွဲ့ဝင်များဖြစ်သော မြန်မာအမျိုးသားလေကြောင်း မန်းရတနာပုံ လေကြောင်းနှင့် အဲသံလွင်လေကြောင်းလိုင်းတို့မှ ရန်ကုန်-ထားဝယ်-ရန်ကုန်သို့ ခရီးစဉ်ကို ကြိုက်နှစ်သက်ရာရက်တွင် စီးနင်းလိုက်ပါနိုင်ရန် ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်မှ စတင်၍ နေ့စဉ် အလှည့်ကျပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။
ထိုလေကြောင်းလိုင်း သုံးလိုင်းမှ ရန်ကုန်-ထားဝယ်-ရန်ကုန် ခရီးစဉ်လက်မှတ်များကို ဝယ်ယူ ထားသော ခရီးသည်များအနေဖြင့် “တူညီသည့် ခရီးစဉ်”အတွက် ပျံသန်းမည့်ရက်အတိုင်း တိုက်ရိုက် သို့မဟုတ် ရက်အကန့်အသတ်မရှိ လေကြောင်းလိုင်း ပြောင်းရွှေ့စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
Promotion ကာလကို မတ် ၂၃ ရက်မှ စတင်၍ ဧပြီ ၃၀ ရက် အထိ သတ်မှတ်ထားပြီး Change Free ပေးရန်မလိုဘဲ ကြိုက်နှစ်သက်ရာရက်တွင် ကြိုက်နှစ်သက်ရာလေကြောင်းလိုင်းသို့ ပြောင်းရွှေ့ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်