
နေပြည်တော် ဇန်နဝါရီ ၂၇
ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပလျက်ရှိသော Expo 2023 Doha တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ် မှု မြှင့်တင်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာပြခန်းဆောင်ကို ပါဝင်ပြသလျက်ရှိပြီး Expo 2023 Doha ၏ မြန်မာနေ့အခမ်းအနားကို ယနေ့တွင် ကာတာနိုင်ငံ ဒိုဟာမြို့ AI B Park ရှိ Expo House ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ Expo 2023 Doha ၏ Secretary General Mr. Mohamed alkoori နှင့် ပြပွဲတွင်ပါဝင်ပြသသည့် နိုင်ငံများမှ Commissioner General များ တက်ရောက်ကြသည်။
မြန်မာနေ့အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄ နာရီ၌ ကျင်းပ ရာ ဦးစွာ မြန်မာနိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံတော်သီချင်းများကို ဖွင့်လှစ်၍ နှစ်နိုင်ငံအလံများကိုလွှင့်ထူပြီး မြန်မာ့ယဉ်ကျေးမှု အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်သည်။ ယင်းနောက် မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားပြီး ဧည့်သည်တော် များက မြန်မာပြခန်းဆောင်နှင့် ကာတာပြခန်းဆောင်တို့ကို လှည့်လည် ကြည့်ရှုသည်။
Expo 2023 Doha ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ ခြောက်လကြာ ကျင်းပလျက်ရှိပြီး ပြပွဲကာလ အတွင်း မြန်မာပြခန်းဆောင်ကို TREASURE CAP Company မှ မြန်မာ နိုင်ငံကိုယ်စားပြု ပါဝင်ပြသလျက်ရှိကြောင်းနှင့် မြန်မာပြခန်း၌ မြန်မာ့ စိုက်ပျိုးရေးထွက်ကုန်များ၊ ကျောက်မျက်ရတနာပစ္စည်းများ၊ မြန်မာ့ သဘာဝမျိုးရင်း သစ်ခွများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြသလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်