ဧဝရက်တောင် အမျိုးသားသဘာဝဘေးမဲ့တောဥယျာဉ်အတွင်း နှင်းကျားသစ် အကောင် ၁၀၀ ကျော်တွေ့ရှိ

 

လာဆာ   မေ   ၂၁


ချိုမိုလန်းမား(ခေါ်)      ဧဝရက်တောင် အမျိုးသားသဘာဝဘေးမဲ့တောဥယျာဉ်အတွင်း နှင်းကျားသစ်   ၁၁၄   ကောင်မှ ၁၁၆ ကောင်ခန့် တွေ့ရှိထားပြီး တရုတ် နိုင်ငံ အနောက်တောင်ပိုင်းရှိ    သဘာဝ ဘေးမဲ့တောဧရိယာ၏ ၃၂ ဒသမ ၉ ရာခိုင် နှုန်း (စတုရန်းကီလိုမီတာ    ၁၁၁၀၀  ခန့်) တွင် နေထိုင်ကျက်စားလျက်ရှိကြောင်း လေ့လာစောင့်ကြည့်သူများက    ပြော ကြားသည်။ 

 


ယနေ့အချိန်အထိ နှင်းကျားသစ်များနေထိုင်ရာဒေသများဖြစ်သည့် စတုရန်း ကီလိုမီတာ  ၃၀၀၀ ခန့် (သဘာဝဘေးမဲ့ တော နယ်မြေများ၏ ၈ ဒသမ ၉ ရာခိုင် နှုန်းခန့်)ကို    လေ့လာစောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 


ချိုမိုလန်းမားတောင် သဘာဝဘေးမဲ့ တောဥယျာဉ်ဒေသအတွင်း  နှင်းကျားသစ် များထိန်းသိမ်းရေးကို   ဗန်ကီဖောင်ဒေး ရှင်းနှင့်    တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သစ်တောဦးစီးဌာနတို့က ၂၀၁၃ ခုနှစ်က စတင်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ထိုသို့ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းများ  ဆောင်ရွက်နေခြင်းသည် ယင်းအစီအစဉ်၏   တစ်စိတ်တစ်ဒေသ အဖြစ် ပါဝင်သည်။
နှင်းကျားသစ်များ   ထိန်းသိမ်းရေး အစီအစဉ်အတွက်   ဗန်ကီဖောင်ဒေးရှင်း က ၂၀၂၁ ခုနှစ်အတွင်းက ယွမ် ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃ သန်း) ထောက်ပံ့ခဲ့ပြီး       နှင်းကျားသစ်များ ထိန်းသိမ်းကာကွယ်ရေး   ကွန်ရက်ကို တည်ထောင်ခဲ့ကြောင်း    ဘေးမဲ့တော ထိန်းသိမ်းရေးအဖွဲ့က ဆိုသည်။ 

 


နှင်းကျားသစ်များသည်   တရုတ် နိုင်ငံ၏ အနီရောင်အဆင့်    သတ်မှတ် ကာကွယ်ထားသည့် သားရိုင်းတိရစ္ဆာန် ဖြစ်ပြီး နိုင်ငံတကာတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး   အဖွဲ့၏ ထိခိုက်လွယ်သောအဆင့်   သတ်မှတ် ခံထားရသည့်   တောရိုင်းတိရစ္ဆာန်လည်း ဖြစ်သည်။ 

 


ချိုမိုလန်းမား(ခေါ်)   ဧဝရက်တောင် သဘာဝဘေးမဲ့တော    ဥယျာဉ်သည် တရုတ်-နီပေါ   နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိပြီး နှင်းတောင်ဘုရင်ဟု ခေါ်သည့် ဧဝရက်တောင်၏ အမြင့် မီတာ ၃၀၀၀ မှ ၅၀၀၀ အတွင်း တည်ရှိသည်။ ယင်းတောင် ထိပ်၏ ကမ္ဘာ့အမြင့်ဆုံးတောင်ထွတ်သည် အမြင့်ပေ   ၈၈၄၈ ဒသမ   ၈၆  မီတာ ရှိကြောင်း သိရသည်။                

 ဆင်ဟွာ