
နေပြည်တော် ဒီဇင်ဘာ ၁၂
“ဧရာဝတီတိုင်းတွင် NLD အစိုးရလက်ထက် ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေ အကြွေး ကျန်များကို ပြန်မဆပ်ပါက အရေးယူမည်ဆိုပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သတိပေးစာပို့ကာ ဖိအားပေးတောင်းယူနေသည်” ဟု ကောလာဟလ သတင်းတု သတင်းမှားများ ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည် တောင်သူဦးကြီးများ စိုက်ပျိုးစရိတ် ကုန်ကျမှုများကို အထောက်အကူပြုနိုင်ရန် နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်း သက်သာ စွာဖြင့် ထုတ်ချေးလျက်ရှိကြောင်း၊ ယင်းသို့ထုတ်ချေး ရာတွင် ယခင်နှစ်ကြွေးကျန်ကျေပြီးမှသာ ချေးငွေ အသစ် ထုတ်ချေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက် လျက်ရှိပြီး ကြွေးကျန်များ ပြန်လည်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်/ မြို့နယ် ဘဏ်ခွဲများအနေဖြင့် ကြွေးကျန် ချေးငွေ ကောက်ခံရေးဆောင်ရွက်ရာတွင် စည်းရုံး ကောက်ခံသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်လျက် ရှိပြီး ချေးငွေပေးဆပ်ရန် ပျက်ကွက်နေသည့် မည်သည့် တောင်သူတစ်ဦးတစ်ယောက်ကိုမျှ အမှုဖွင့် အရေးယူထားခြင်းမရှိကြောင်းနှင့် ချေးငွေညွှန်ကြား စာပါ စည်းကမ်းချက်များနှင့်အညီ ကြွေးကျန်များ ပေးဆပ်ပြီးသည့် တောင်သူများကို ချေးငွေသစ်များ စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် သတင်းသည် ပြည်ဖျက်မီဒီယာများက တောင်သူ များ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် သတင်း မှားများဖော်ပြခြင်းသာဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်နှင့် တောင်သူများအကြားတွင် စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးခြင်း၊ ပြန်လည်ပေးဆပ် ခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်