
ပုသိမ် ဩဂုတ် ၂၅
ပုသိမ်မြို့နယ် ငဝန်မြစ်အတွင်း ငါးသားပေါက်များ ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဧရာဝတီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ရေလုပ်သားများ လူမှုဘဝဖွံ့ဖြိုး တိုးတက်လာစေရန်၊ ငါးထုတ်လုပ် မှု တိုးတက်စေရန်၊ ငါးလုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ သားစဉ်မြေးဆက် ငါးစားသုံးနိုင် စေရန်အတွက် ငဝန်မြစ်အတွင်း ငါးသားပေါက်များ ငါးမျိုးစိုက် ထည့်ခြင်း အခမ်းအနားကို ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး ပုသိမ်ငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ ၂၅၀၀၀၀ နှင့် ငါးခုံးမကြီး ငါးသား ပေါက်ကောင်ရေ ၂၅၀၀၀၀၊ စုစုပေါင်း ကောင်ရေ ၅၀၀၀၀၀ အား ငဝန်မြစ်အတွင်း ငါးမျိုး စိုက်ထည့်ပေးကြသည်။
ယင်းနောက် ပုသိမ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး၊ ငါးလုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့နှင့် ပုသိမ်မြို့နယ် ငါးလုပ်ငန်း စခန်းတာဝန်ခံတို့က ပုသိမ်မြို့နယ် အမှတ်(၁၂)နယ်မြေ သရောင်း ချောင်းမျိုးသန့် ခြံအတွင်းရှိ ဆင့်ပွားမျိုးစေ့ ပေါ်ဆန်း ဘေးကြား စိုက်ခင်းအတွင်း ငါးခုံးမ ကြီးကောင်ရေ ၁၁၇၅၀၀ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်