
ကျိုက်လတ် အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ကျိုက် လတ်မြို့နယ်ရှိ ပေါင်းဆန်စက်နှင့် လုပ်ငန်းအချို့ကို တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သည် ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျိုက် လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ကျိုက်လတ်မြို့အဝင်ရှိ လျာထား တန် ၅၀၀ ပေါင်းဆန်စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေသည်များ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် အုန်းဆံဖတ် ကြိုးစက်ရုံ၊ကျိုက်လတ်မြို့ အမှတ် (၅) ရပ်ကွက်ရှိ ချယ်ရီငါးရံ့ခြောက် လုပ်ငန်း၊ ကမ်းနားလမ်းရှိ ဦးလှစိုး ၏ လောင်စာတောင့်စက်ရုံ၊ လတာကြီးကျေးရွာရှိ ဦးတင် ကျော်လင်း စိုက်ပျိုးထားသည့် ပိုက်ဆံလျှော် စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားကြောင်း သိရ သည်။
ကျိုက်လတ်(ပြန်/ဆက်)