ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတို့ကို ကြည့်ရှု

 

လပွတ္တာ   သြဂုတ်  ၈


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည်        ဩဂုတ် ၇ ရက်  နံနက် ၁၀ နာရီက လပွတ္တာခရိုင် ၃  မိုင်မြို့သစ်ရှိ    ဆရာတော် များ   ဦးဆောင်သည့်   အောက်ဆီဂျင်စက်ရုံတည် ဆောက်နေမှုအခြေအနေများကို  ကြည်ရှုခဲ့ရာ  စက်ရုံ တည်ဆောက်နေမှုနှင့်  ပတ်သက်၍     စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဌေးဝင်းက  ဇူလိုင် ၂၆ ရက်က စတင်ပန္နက်ရိုက်ခဲ့ပြီး အုတ်မြစ်ချတည်ဆောက်လျက် ရှိကြောင်း၊ ရန်ကုန်မှ တရုတ်နိုင်ငံထုတ်   စက်အမျိုး အစား ဖြစ်ပြီး အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုပမာဏ  ၁ နာရီလျှင် လီတာ ၄၀ အိုး ၃ ဒသမ ၅ အိုးနှုန်းဖြင့် ၁၀ နာရီကြာမောင်းနှင်းနိုင်၍  ရက် ၅၀ အတွင်း အပြီး တပ်ဆင်ဆောင်ရွက်နိုင်ရေးနှင့်      ပတ်သက်၍ ရှင်းလင်းပြောကြားရာ ဝန်ကြီးချုပ်က လိုအပ်သည် များဖြည့်စွက်ပြောကြားသည်။

 


ထိုမှတစ်ဆင့် လပွတ္တာမြို့နယ် ကျောက်မှော် ကျေးရွာအုပ်စု  အောက်ချောင်းကျေးရွာ သိပ္ပံနည်းကျ စိုက်ခင်းစနစ်စံပြကွက်သို့ရောက်ရှိကာ ပေါ်ဆန်းရင်၊ ပေါ်ဆန်းကြီး၊   ပေါ်ဆန်း၊   ရွှေဘိုပေါ်ဆန်း၊   ဖျာပုံ ပေါ်ဆန်းတို့၏ ဆန်အရည်အသွေး၊ စားသုံးမှုအရည် အသွေးများကို   နှိုင်းယှဉ်ရှင်းပြပြီး  ဓာတ်မြေသြဇာ ကြီးမြင့်မှုကို အစားထိုးဆောင်ရွက်နိုင်ရန် ယူရီးယား ဓာတ်မြေသြဇာတစ်ဆ၊ သဘာဝဓာတ်မြသြဇာသုံးဆ ကို တစ်ညသိပ်ရောနှောပြီး စိုက်ခင်းများကို ပက်ကြဲ ခြင်းဖြင့်    ယူရီးယားဓာတ်မြေသြဇာ၏  ပါဝင်မှုများကို အများဆုံးအပင်များမှ စားသုံးနိုင်မည်ဖြစ်ကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန       တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က  ရှင်းလင်းခဲ့ရာ  လိုအပ်သည်များ  မှာကြားသည်။   

 


ဆက်လက်ပြီး  လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံ အဟောင်းတွင်  ဆေးသိုလှောင်ရုံနှင့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးမှုကိုကြည့်ရှု ကာ အလှူငွေ နှင့် PPE ဝတ်စုံ ၁၀၀ တို့ကို   လှူဒါန်းခဲ့ကြောင်း သိရသည်။


ယောဧရာ၊ ဝင်းကျော်(ခရိုင်ပြန်/ဆက်)