
ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများ
မုန်တိုင်းဘေးလွတ်ရာနေရာများသို့ ကူညီပြောင်းရွှေ့၊ လေဘေးသင့်ပြည်သူများနှင့် မုန်တိုင်းရှောင်ပြည်သူများကို
သွားရောက်အားပေးစကားပြောကြားပြီး စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်
နေပြည်တော် မတ် ၂၃
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျက် ရှိသည့် မုန်တိုင်းငယ်သည် မြောက်ဘက်နှင့် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး မတ် ၂၀ ရက် ည ၉ နာရီခွဲ တိုင်းတာချက် များအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေ အနေရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်း လမ်းကြောင်းကျရောက်ရာ ဒေသ များရှိ ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင် အထူးသတိပြု နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြ ရန် သတိပေးချက်များကို ထုတ်ပြန် ထားရှိပြီးဖြစ်သည်။
နေရာကွက်၍မိုးကြီး
အဆိုပါ မုန်တိုင်းငယ်သည် မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းအနီး၌ လည်းကောင်း၊ မတ် ၂၂ ရက်နှင့် ယနေ့နံနက်ပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီးနှင့် ရခိုင် ကမ်းရိုးတန်းအနီးသို့ လည်း ကောင်း ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားပြီး လက်ရှိအချိန်တွင် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာသွန်းမှု များရှိနေပြီး အချို့နေရာဒေသ များတွင် နေရာကွက်၍ မိုးကြီး လျက်ရှိသည်။
သို့ဖြစ်၍ သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များ အလိုက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် သတိပေးခြင်းများ၊ မုန်တိုင်းနှင့် သဘာဝအန္တရာယ် ကျရောက်ပါက တုံ့ပြန်ဆောင်ရွက် နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများ၊ အရေးပေါ်ဖြစ်ပေါ်လာပါက စုဝေး ရမည့် နေရာနှင့် လမ်းကြောင်း များ၊ ပြောင်းရွှေ့နေထိုင်ရမည့် အဆောက်အအုံ နေရာများအား ကြိုတင်ပြင်ဆင်ခြင်းများ၊ ဦးစား ပေး ကယ်ဆယ်ရမည့်အုပ်စုများ အား အရေးပေါ် အသက်ကယ်ဆယ် နည်းများဖြင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို စနစ်တကျ လမ်းညွှန် အသိပေးခြင်းများနှင့် အချိန်နှင့်တစ်ပြေးညီ သတင်း ရယူပူးပေါင်း ဆောင်ရွက်နိုင်ရန် command center များ ဖွင့်လှစ် ထားပြီး တပ်မတော်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ၂၄ နာရီ စုပေါင်းရုံး ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည်။
ယခုအခါ မုန်တိုင်းငယ်သည် အားကောင်းသည့် အဆင့်သို့ ရောက်ရှိလာ၍ မုန်တိုင်းဝင်ရောက် ချိန် နီးကပ်လာသောကြောင့် ကမ်းရိုးတန်းဒေသတွင် နေထိုင် ကြသော ဒေသခံပြည်သူများအား မုန်တိုင်းဘေးလွတ်ရာနေရာများ၊ ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့ နေထိုင်ကာ ညွှန်ကြားချက်များ အတိုင်း လိုက်ပါဆောင်ရွက်ကြ စေရေး သက်ဆိုင်ရာ အဖွဲ့များက တိုက်တွန်းနှိုးဆော်၍ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၂၂ ရက်တွင် စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲ မြို့နယ်၊ မာန်အောင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့နယ်၊ ဘိုကလေးမြို့နယ်တို့ရှိ စုစုပေါင်း အိမ်ထောင်စု ၂၁၅၂ စု ကို သက်ဆိုင်ရာ မြို့နယ်များ အလိုက် ယာယီခိုလှုံရန် သတ်မှတ် ထားသည့် မုန်တိုင်းဒဏ်ခံ Cy-clone Shelter အဆောက်အအုံ များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများသို့ ဘေးကင်း စွာ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့များက ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်တွင် ဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ များ၏ အစီအစဉ်ဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်လာ ပါက ယာယီခိုလှုံနေထိုင်သည့် အိမ်ထောင်စုများအား ထောက်ပံ့ ပေးအပ်နိုင်ရေးအတွက် စားနပ် ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်း များ အသင့်စုပုံထားရှိကြောင်း သိရသည်။
စားသောက်ဖွယ်ထောက်ပံ့
၎င်းအပြင် လပွတ္တာမြို့ ကိုးနဝင်း ကျောင်းတိုက်နှင့် လေးထပ်စာသင်တိုက်တို့တွင် ပြောင်းရွှေ့ထားရှိသော ကိုင်းတောင် ကျေးရွာ၊ ရေဝေကျေးရွာ၊ ရွှေကျွန်း သာကျေးရွာ၊ ကုက္ကိုလ်ကျေးရွာ၊ စွယ်တော်ကျေးရွာ၊ ကွင်းပေါက် ကျေးရွာနှင့် မန်ကျည်းကျောင်း ကျေးရွာတို့မှ မုန်တိုင်းရှောင် ပြည်သူများအား ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက သွားရောက်တွေ့ဆုံ၍ ဆန်၊ ကြက်ဥနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ သည်။
ယနေ့တွင်လည်း ဧရာဝတီ တိုင်းဒေသကြီးအတွင်း လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် ဟင်္သာတ၊ ပန်းတနော်၊ ဒေးဒရဲ၊ ဖျာပုံ၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ ကွင်းကောက်၊ လေးမျက်နှာ၊ ဇလွန် နှင့် ကြံခင်းမြို့တို့ရှိ ကျေးရွာအချို့ မှ ဘုရားစေတီများ၊ ပြည်သူ့ ဆေးရုံများ၊ အခြေခံပညာကျောင်း များ၊ နေအိမ်များအား တပ်မတော် သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ မှုဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ လိုအပ်သည့် ကူညီ ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိသည်။ ထိုသို့ဆောင် ရွက်နေမှုများနှင့် လေဘေးသင့် ပြည်သူများအား ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင် မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များက သွားရောက် အားပေးစကားပြောကြားပြီး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုးပါ ပုံးနှင့် ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့ပြင် လပွတ္တာမြို့နယ် သင်္ဃန်းကြီးကျေးရွာအုပ်စု၊ ဇင်ရွဲ ကျေးရွာနှင့် သင်္ဃန်းကြီးကျေးရွာ တို့ရှိ ဘက်စုံမုန်တိုင်းဒဏ်ခံ အဆောက်အအုံများတွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် မုန်တိုင်း ရှောင်ပြည်သူများအား သွား ရောက်အားပေးစကားပြောကြား ခဲ့ပြီး စားသောက်ဖွယ်ရာများ၊ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ ကျောင်းသား ကျောင်းသူများ အတွက် ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ် ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြောင်းနှင့် ဇင်ရွဲကျေးရွာနှင့် လှိုင်းဘုန်းကျေးရွာတို့မှ မုန်တိုင်း ရှောင်ပြည်သူများအား နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ မြစ်တွင်း သွားရေယာဉ်များဖြင့် သက်ဆိုင် ရာနေရပ်အသီးသီးသို့ ပြန်လည်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိ ရသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင် များသည် လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်းအား ရွေးမြစ်ရေ တိုက်စားမှုမှ ကာကွယ်ထားရှိမှု နှင့် ရှောင်ကွင်းလမ်းအူကြောင်း ဖောက်လုပ်နိုင်မည့် အခြေအနေ များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။ အဆိုပါ မုန်တိုင်း ငယ်ဝင်ရောက်မှုကြောင့် ထိခိုက် ပျက်စီးမှုအနေဖြင့် မတ် ၂၂ ရက် တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ လပွတ္တာ၊ ဟင်္သာတ၊ ဘိုကလေး၊ သာပေါင်း၊ မော်လမြိုင် ကျွန်း၊ ကျိုက်လတ်၊ ငပုတော၊ ပုသိမ်၊ ဖျာပုံ၊ ဒေးဒရဲ၊ အင်္ဂပူ၊ မအူပင်မြို့နယ်နှင့် ဟိုင်းကြီးကျွန်း မြို့နယ်တို့ရှိ လူနေအိမ်အချို့ အမိုးလန် ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်၊ ရောဂါကပ်ဘေး အန္တရာယ်၊ အကြမ်းဖက်သမား အန္တရာယ် စသည့်ဘေးအန္တရာယ် အမျိုးမျိုးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပြည်သူ များ၏ ညီညွတ်သော ပူးပေါင်း လက်တွဲ ဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်ခဲ့ပြီးဖြစ်သည့် နည်း တူ ယနေ့ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်ကိုလည်း နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူ များ၏ ပူးပေါင်းပါဝင်ဆောင်ရွက် မှုနှင့် ညီညွတ်သော စွမ်းအားများ ဖြင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုများကို အနည်း ဆုံး လျှော့ချနိုင်ရေး စနစ်တကျ ကြိုတင်ပြင်ဆင် ဝိုင်းဝန်းဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်