ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုထောက်ပံ့ခြင်းနှင့်   တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်

 

 

နေပြည်တော်  ဇန်နဝါရီ   ၁၈
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား  ဂုဏ်ပြုထောက်ပံ့ခြင်းနှင့် ၂၀၂၂ ခုနှစ်   တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများသို့  ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်း ဒေသကြီး ယူ-၂၃  လှေလှော်အသင်း၊ ယူ-၁၈ ပြေး၊ ခုန်၊ ပစ်အသင်းနှင့် ယူ-၂၅ စက်ဘီးအသင်းအား အောင်နိုင်ရေး  အလံပေးအပ်ပွဲကို    ယနေ့နေ့လယ်ပိုင်း တွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊   အနောက်တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမား များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားသည်။ ထို့နောက်  အာရှနှင့်အရှေ့တောင်အာရှအဆင့်တွင် ဆုရရှိသည့် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားအားကစားသမား ၁၈ ဦးနှင့်  အမျိုးသမီး အားကစားသမား ၁၂ ဦးတို့ကို တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် မှတ်တမ်းလွှာ များ ပေးအပ်ကြသည်။
ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့်  ပြည်နယ်များတွင်   ဝင်ရောက် ယှဉ်ပြိုင်မည့် ယူ-၂၃ လှေလှော်အသင်း၊ ယူ-၁၈ ပြေး၊ ခုန်၊ ပစ်အသင်းနှင့် ယူ-၂၅ စက်ဘီးအသင်းတို့အား အောင်နိုင်ရေးအလံနှင့်  ထောက်ပံ့ငွေများ  ပေးအပ် ချီးမြှင့်ရာ   တာဝန်ရှိသူများက   လက်ခံရယူကြပြီး (ယာပုံ)   နိုင်ငံ့ဂုဏ်ဆောင်   အားကစားသမားများ ကိုယ်စား အားကစားသမားတစ်ဦးက    ကျေးဇူးတင် စကား ပြန်လည်ပြောကြားကြောင်း သတင်းရရှိသည်။
သတင်းစဉ်