ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဂုဏ်ပြုထောက်ပံ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို အောင်နိုင်ရေးအလံပေးအပ်

နေပြည်တော်   ဇန်နဝါရီ  ၁၈


ဧရာဝတီ    တိုင်းဒေသကြီး အတွင်းရှိ      နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ   ဂုဏ်ပြု ထောက်ပံ့ခြင်းနှင့်   ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်    ပြည်နယ် အားကစားပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်မည့်   ဧရာဝတီတိုင်း ဒေသကြီး U-23 လှေလှော်အသင်း၊ U-18 ပြေး၊ ခုန်၊ ပစ်အသင်းနှင့် U-25    စက်ဘီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌        ပြုလုပ်ရာ တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊    အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ          တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် အာရှ နှင့် အရှေ့တောင်အာရှအဆင့်တွင် ဆုရရှိသည့်     နိုင်ငံ့ဂုဏ်ဆောင်  အမျိုးသားအားကစားသမား ၁၈ ဦးနှင့် အမျိုးသမီး အားကစားသမား  ၁၂  ဦးတို့ကို   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က  ဂုဏ်ပြု ချီးမြှင့်ငွေနှင့် မှတ်တမ်းလွှာများ    ပေးအပ်ကြသည်။


ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  ဝင်ရောက် ယှဉ်ပြိုင်မည့်  U-23 လှေလှော် အသင်း၊ U-18 ပြေး၊ ခုန်၊ ပစ် အသင်းနှင့် U-25 စက်ဘီးအသင်း တို့ကို    အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်  ရာ  တာဝန်ရှိသူများက  လက်ခံ ရယူကြပြီး    နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ကိုယ်စား  အားကစားသမား   တစ်ဦးက ကျေးဇူးတင်စကား    ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်