ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း ပရဟိတဂေဟာများ၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်

ပုသိမ်  အောက်တိုဘာ  ၁၈ 


ပုသိမ်မြို့ ကန်သုံးဆင့်ရေပြင်၌  ကျင်းပသော ဖိုင်ဘာ စက်လှေ(40HP)များ   စမ်းသပ်မောင်းနှင်ခြင်းနှင့်        လွှဲပြောင်းလက်ခံဆောင်ရွက်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ကျင်းပရာ လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု‌စက်ဝန်းအတိုင်း ကြိုတင်ပြင်ဆင် ခြင်း၊   ကြိုတင်ကာကွယ်ခြင်း၊    အလျင်အမြန် တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  ဘေးဖြစ်ပွားနေစဉ်အလျင် အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ပစ္စည်းများဖြစ် သည့် Speed Boat ၊ ဖိုင်ဘာစက်လှေ၊ အသက်ကယ်အင်္ကျီ၊   ဘောကွင်း၊   အသက်ကယ် ကြိုးခွေ၊ ရေစုပ်စက်၊ တာပေါ်လင်၊ ရေသန့်ဆေးများ ကို နှစ်စဉ်ဝယ်ယူဖြည့်တင်းပြီး  ကြိုတင်စုဆောင်း ထားရှိ၍  လိုအပ်ချက်အရ ထောက်ပံ့ပေးနေမှုအခြေ အနေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအတွင်း သဘာဝ ဘေး အန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် အခြေအနေများနှင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှု၊ စီမံခန့်ခွဲမှုလုပ်ငန်းများ   ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ 
ဆက်လက်၍     ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုလုပ်ငန်း များတွင်   အသုံးပြုရန်အတွက်    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက  လွှဲပြောင်းပေးအပ်မည့်    ဖိုင်ဘာစက်လှေ (40HP) ငါးစင်းကို  မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ များက စမ်းသပ်မောင်းနှင်မှုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက   ဖိုင်ဘာစက်လှေ(40HP) ငါးစင်းအား လွှဲပြောင်းပေးအပ်သည့် မှတ်တမ်းလွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ   လွှဲပြောင်းပေးအပ် သည်။ 


ယင်းနောက်  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ စေတနာ့ ဝန်ထမ်းပရဟိတဂေဟာများ၊    မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနား ကို    ပုသိမ်မြို့    မြို့တော်ခန်းမ၌   ကျင်းပရာ   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာသက်သက်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယဝန်ကြီး  ဦးအောင်ထွန်းခိုင်၊  ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖ များ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် အကျိုးခံစားခွင့်ရှိသူပုဂ္ဂိုလ်များ Social Distancing ပုံစံဖြင့် တက်ရောက်ခဲ့သည်။ 

အခမ်းအနားတွင်   ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့်     တာဝန်ရှိသူများက   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မသန်စွမ်းသူ  ၅၄၈၈ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၆၄,၆၄၀,၀၀၀၊  ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ   အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား  ၃၂၅၈၀ အတွက် လူမှုရေးပင်စင် ထောက်ပံ့ ငွေကျပ်  ၉၇၇,၄၀၀,၀၀၀၊   ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ   စေတနာ့ဝန်ထမ်းအဖွဲ့အစည်း  ၂၁ ခုမှ တည်ထောင်ထားရှိသော ဂေဟာ၊ ရိပ်သာ စုစုပေါင်း ၁၁ ခုအတွက် ထောက်ပံ့ကြေးငွေကျပ် ၉၂,၉၂၅,၀၀၀၊ ထောက်ပံ့မှုတန်ဖိုးစုစုပေါင်း ငွေကျပ် ၁၂၃၄,၉၆၅,၀၀၀  (သိန်းတစ်သောင်း    နှစ်ထောင့်သုံးရာလေးဆယ့်      ကိုးသိန်း   ခြောက်သောင်းငါးထောင်တိတိ)    ကို    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တက်ရောက်လာကြသည့် အကျိုး ခံစားခွင့်ရှိသူပြည်သူများထံ   ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 

မွန်းလွဲပိုင်းတွင်    ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  ပုသိမ်မြို့    အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှိ  အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ စုရပ်နေရာဖြစ်သည့် ရတနာတန်ဆောင်ခန်းမသို့ ရောက်ရှိပြီး   ကာကွယ် ဆေးထိုးနှံလျက်ရှိသော ကျောင်းသား ကျောင်းသူ များ၊  ကျန်းမာရေးဝန်ထမ်းများနှင့်  ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေးရာ တိုင်းဒေသကြီးပညာ ရေးမှူးနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးတို့က  ကျောင်းသား   ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနေမှု   အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက   ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင်  ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိသည့်  စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အားဖြည့်အချိုရည်တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။          

   သတင်းစဉ်