နေပြည်တော် မတ် ၁၄
ဧရာဝတီ တိုင်းဒေသကြီး၌ ဆီထွက်နေကြာ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို မတ် ၁၃ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ရိပ်သာ ၌ ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြပြီး တောင်သူများ တွက်ခြေ ကိုက်မည့် အထွက်နှုန်းနှင့် ဝင်ငွေ ရရှိရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ စီမံဆောင်ရွက် ပေးနိုင်ရေးဆိုင်ရာများ၊ ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးလာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
စာရင်းများအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဆီထွက် သီးနှံစိုက်ဧရိယာအနေဖြင့် မြေပဲ ဧက ၂၈ သိန်းကျော်၊ နှမ်းဧက ၃၈ သိန်း၊ နေကြာဧက ခြောက်သိန်းခန့် အပါအဝင် ဆီထွက်သီးနှံ စိုက်ဧက ၇၆ သိန်းကျော် စိုက်ပျိုးထုတ်လုပ် ခဲ့ကြောင်း၊ ပြည်တွင်း၌ မြေပဲဆီ နှင့် နှမ်းဆီ နှစ်မျိုးကို အဓိက ထုတ်လုပ်စားသုံးမှုရှိပြီး ဝင်ငွေ နည်း ပြည်သူများအနေဖြင့် စားအုန်းဆီနှင့် ရောနှောဆီများကို စားသုံးလျက်ရှိသဖြင့် နှစ်စဉ် ပြည်ပမှ စားအုန်းဆီ မက်ထရစ် တန် နှစ်သိန်းခန့်ကို တင်သွင်းနေရ လျက်ရှိရာ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ကာလတိုအတွင်း သိသိသာသာ ဖြည့်ဆည်းပေးနိုင် ရေးအတွက် တစ်ဧက ဆီထွက်ရှိ နိုင်မှု မြင့်မားသော စပ်မျိုးနေကြာ စိုက်ပျိုးရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဧက ၁၅ သိန်း စိုက်ပျိုးရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၌ ဆောင်းသီးနှံအဖြစ် နေကြာဧက နှစ်သိန်းကျော် တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ပြီး သီးနှံ ပေါ်ချိန် ဆီထုတ်လုပ်နိုင်ရေး အတွက် သက်ဆိုင်ရာ အသင်းအဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်နိုင် ရေး ကြိုတင်ညှိနှိုင်းသွားမည်ဖြစ် ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန် ရှိသူများသည် ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံ မြို့နယ်ခွဲ ချောင်းသာကျေးရွာ ပုစွန်သားဖောက်စခန်းနှင့် မအူပင် မြို့နယ် တလုပ်လှငါးလုပ်ငန်း စခန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒေသ၏ ငါးပုစွန် မွေးမြူထုတ်လုပ် မှုအတွက် လိုအပ်သည့် သားပေါက် များ အရည်အသွေးနှင့် အရေ အတွက် ပြည့်မီစွာ ထုတ်လုပ်ပေး ရန် လိုအပ်ချက်များကို တာဝန် ရှိသူများနှင့် ဆွေးနွေးမှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မအူပင်ခရိုင် ညောင်တုန်းကျွန်းရှိ မဲဇလီ ရေထိန်းတံခါးကြံ့ခိုင်မှုနှင့် ရေဝင် ရေလွှဲ ထိန်းသိမ်းမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မအူပင် မြို့နယ်နှင့် ညောင်တုန်းမြို့နယ် များရှိ ရေနက်ကွင်းဧရိယာများ အတွင်း မိုးရာသီ ရေလွှမ်းမိုးမှု ကာကွယ်ပေးရေးလုပ်ငန်းများနှင့် နွေရာသီတွင် နွေစပါးသီးနှံ အပါ အဝင် အခြားသီးနှံများကို ရေနက် ကွင်းများ၌ အောင်မြင်စွာစိုက်ပျိုး နိုင်ရေး၊ သီးနှံပုံစံ မှန်ကန်ရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



